အိန္ဒိယဟာ လပေါ်ကို ‌ဆင်းသက်နိုင်တဲ့ စတုထ္ထမြောက် နိုင်ငံဖြစ်လာ

ဝမ်းသာပျှော်ရွှင်နေကြတဲ့ ကျောင်းသားလေးများ
photo Credit: AP

မွမ်ဘိုင်း၊ ဩဂုတ် ၂၃

အိန္ဒိယနိုင်ငံရဲ့  ချန်ဒရာယန်-၃ အာကာသစူးစမ်းရေးယာဉ်ဟာ ဩဂုတ်လ ၂၃ရက်ညနေမှာ လပေါ်ကိုအောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပြီမို့ လကမ္ဘာကို ဆင်းသက်နိုင်တဲ့ ကမ္ဘာပေါ်က စတုထ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အခုအောင်မြင်ခဲ့တဲ့မစ်ရှင်ရဲ့ အကျိုးဆက်အနေနဲ့ အိန္ဒိယနိုင်ငံကလည်း အာကာသထဲမှာ ကမ္ဘာ့စူပါပါဝါနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ အရင်က အမေရိကန်၊ တရုတ်နဲ ဆိုဗီယက်ယူနီယံစတဲ့ သုံးနိုင်ငံပဲ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ချန်ဒရာယန်-၃ ရဲ့  ဆင်းသက်ခဲ့တဲ့ နေရာဟာ အခြားအာကာသယာဉ်တွေထက်ပိုပြီး လရဲ့တောင်ဝင်ရိုးစွန်းနဲ့ နီးကပ်တယ်လို့ သိရပါတယ်။ တောင်ဝင်ရိုးစွန်းဒေသဆိုတာ သိပ္ပံနည်းကျ ဗျူဟာမြောက် စိတ်ဝင်စားမှုရတွေ များတဲ့ ဒေသအနေနဲ့ အာကာ သသိပ္ပံပညာရှင်တွေ သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုကို   BRICS ထိပ်သီးအစည်းအဝေးတက်ဖို့  တောင်အာဖရိကနိုင်ငံကို ရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ က တိုက်ရိုက်ထုတ်လွှင့်ပြီး အခုလို မှတ်ချက်စကားတွေ မျှဝေခဲ့တယ်လို့ သိရပါတယ်။

“ဒီပျော်ရွှင်စရာအချိန်အခါမှာ ကမ္ဘာပေါ်ကလူသားအားလုံးကို ပြောကြားလိုပါတယ်” “အိန္ဒိယရဲ့ အောင်မြင်မှုဟာ လမစ်ရှင်တစ်ခုတည်းတင် မဟုတ်ပါဘူး။ အခုနှစ်ဟာ အိန္ဒိယနိုင်ငံကို G20 ဥက္ကဌအနေနဲ့ပါ ကမ္ဘာက မျက်မြင်တွေ့နေရတဲ့ နှစ်” လို့ ပြောပါတယ်။

Ref: CNN

Feature Image Credit: NASA

Leave a Reply

Your email address will not be published. Required fields are marked *