ကိယက်ဖ်၊ ဩဂုတ် ၂၃
ရုရှားသမ္မတပူတင်နဲ့ မော်စကိုမှာ တွေ့ဆုံအပြီး ရက်သတ္တပတ်အကြာမှာပဲ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ ဩဂုတ်လ ၂၃ရက် သောကြာနေ့မှာ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို ရောက်နေပြီလို့ သိရပါတယ်။
ယူကရိန်းလွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယခေါင်းဆောင်တစ်ယောက်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့ မိုဒီ့ခရီးစဉ် ဟာ သူ့ရဲ့ သမ္မတသက်တမ်းသစ် ပထမဆုံးပြည်ပခရီးစဉ်အနေနဲ့ မော်စကိုမြို့ကို သွားပြီးတဲ့နောက် သီတင်းပတ် တွေအကြာမှာ အခု ခရီးစဉ်က ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
နယူးဒေလီဟာ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေ မယ့်လည်း ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချတာမျိုး ရှောင်ခဲ့သလို မော်စကိုနဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတွေက မော်စကိုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေချပြီး စီးပွားရေးအရ သီးခြားခွဲထားပြီးတဲ့နောက် အိန္ဒိယက ရုရှားအတွက် စီးပွားရေးအရ အသက်သွေးကြောအဖြစ်ဆောင်ရွက်နေသလို ရုရှားဆီကရေနံစိမ်းဝယ်ယူ တာ တွေလည်း အရှိန်မြှင့်လာခဲ့ပါတယ်။
ဒီနေ့မှာတော့ ဝန်ကြီးချုပ်မိုဒီနဲ့ ဇလန်းစကီး ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးကြမယ်ဆိုတာ တကမ္ဘာလုံး က စိဝင်တစား စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ဝန်ကြီးချုပ်မိုဒီ ကိယက်ဖ် လေဆိပ်ကို ရောက်ရှိလာပုံ
Feature Image credit: Ukrainian Railways/Instagram



