မော်စကို၊ ဇွန် ၂၇
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နယူးဒေလီနဲ့ ဝါရှင်တန် နီးကပ်တဲ့ ဆက်ဆံရေးရှိသလို နယူးဒေလီနဲ့ မော်စကိုလည်း ရင်းနှီးသောဆက်ဆံရေးရှိတယ် ဆိုတာကို ပြသဖို့အတွက် အခု ခရီးစဉ် ဖြစ်လာရတယ်လို့ အိန္ဒိယက ပြောပါတယ်။
ဒီခရီးစဉ်က ကရင်မလင်က ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားနိုင်ငံ ပထမဆုံးအကြိမ် သွားမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။
မိုဒီကတော့ မော်စကို ခရီးစဉ်အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီး မော်စကို ဘက်ကတော့ မိုဒီလာမယ့်ရက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ယူရီ အူရှာကော့ဖ်က ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီကို ပြောပါတယ်။
“အိန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်နေတယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်” လို့ TASS က ပြောပါတယ်။ “ရက်စွဲနဲ့ ပတ်သက်ပြီးတော့ မပြောနိုင်သေးပါဘူး၊ ရက်စွဲတွေကို ပါတီက သဘောတူပြီး ကြေညာထားလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ တက်ကြွစွာ ပြင်ဆင်နေပါတယ်။ ဒီတော့ ဒီခရီးစဉ်က ဖြစ်လာမှာပါ”။ လို ပြောပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကို CNN က ဆက်သွယ်ပေမယ့် မရသေးဘူးလို သိရပါတယ်။
Ref: CNN
ပုံစာ။ ခေါင်ဆောင်နှစ်ယောက်ကိုတွေ့ရပုံ ( ၂၀၂၂ စက်တင်ဘာ ဥစဘက်ကစ္စတန် )
Feature Image Credit: Alexander Demyanchuk/Pool/Sputnik/Reuters



