နယူးဒေလီ၊ ဩဂုတ် ၃၀
အိန္ဒိယနိုင်ငံရဲ့ လဆင်းယာဉ် ချန်ဒရာယန်-၃ဟာ လရဲ့ တောင်ဝင်ရိုးစွန်းမှာ ဆာလဖာပါဝင်မှုကို အတည်ပြုခဲ့ တယ်လို့ နိုင်ငံရဲ့ အာကာသအေဂျင်စီက အတည်ပြုထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ဩဂုတ်လ ၂၃ရက်က အိန္ဒိယဟာ စူးစမ်းလေ့လာတာ မလုပ်ရသေးတဲ့ လရဲ့တောင် ဝင်ရိုး စွန်း အနား မှာ ပထမဆုံးသော သုတေသနယာဥ်ကို ဆင်းသက်နိုင်ခဲ့ပြီး လပေါ်ကို ဆင်းသက်နိုင်တဲ့ စတုတ္ထ မြောက်နိုင်ငံ ဖြစ်လာခဲ့ ပါ တယ်။
ချန်ဒရာယန်-၃ ပေါ်မှာ တပ်ဆင်ထားတဲ့ လေဆာနဲ့ခွဲခြမ်းစိတ်ဖြာတဲ့ ကိရိယာ(LIBS) က တောင်ဝင်ရိုးစွန်းအနီး လမျက်နှာပြင် ရဲ့ ဒြပ်စင်ဖွဲ့စည်းမှုအပေါ် ပထမဦးဆုံး တိုင်းတာမှုကို ပြုလုပ်နိုင်ခဲ့တဲ့အကြောင်း အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ကဩဂုတ် ၂၈ ရက်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ လမျက်နှာပြင်ပေါ်မှာ အလူမီနီယမ်၊ ကယ်လ်စီယမ်၊ သံ၊ ခရိုမီယမ်နဲ့ တိုက်တေနီယမ်တွေ ပါဝင်နေတဲ့ အကြောင်း ISRO က ထပ်လောင်းတိုင်းတာမှုတွေနဲ့အတူ မန်းဂနိစ်၊ ဆီလီကွန်နဲ့ အောက်ဆီဂျင် ပါဝင် မှုကို ပြတဲ့ ထပ် လောင်း တိုင်းတာမှုတွေလည်း ပြုလုပ်နိုင်ခဲ့တယ်လို့ ပါရှိပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်က၊ ယခင် အိန္ဒိယ လမစ်ရှင်ဟာ နောက်ဆုံးဆင်းသက်တဲ့ အဆင့်မှာ မအောင်မြင်ခဲ့ဘဲ ကြီးမား တဲ့ ဆုံးရှုံး မှု ဖြစ်ခဲ့ရပါတယ်။
ချန်ဒယာယန်-၃ ကိုတော့ လွန်ခဲ့တဲ့ ခြောက်ပတ်နီးပါးကတည်းက လွှတ်တင်ခဲ့တာ ဖြစ်ပြီး ပရိသတ်ထောင် ပေါင်းများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က လပေါ်ကိုအောင်အောင်မြင်မြင် ဆင်းသက်နိုင် ခဲ့တာ ဖြစ်ပါတယ်။
အန္ဒိယဟာ လာမယ့် နှစ်နှစ်အတွင်း သောကြာဂြိုဟ်ပတ်လမ်းကြောင်းဆိုင်ရာ မစ်ရှင်တစ်ခု စေလွှတ်ဖို့ဂျပန်နဲ့ ပူးပေါင်းလုပ် ဆောင် ဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်။
Ref:AFP
ပုံစာအညွှန်း။ လပေါ်မှာ သုတေသနလုပ်နေတဲ့ ချန်ဒရာယန်-၃
Feature Image Credit: ISRO