ဥတ္တရာခန်း၊ နိုဝင်ဘာ ၂၃
နိုဝင်ဘာ ၁၂ရက် တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံက တည်ဆောက်ဆဲ တောင်ကို ဖေါက်ထွင်းထားတဲ့ ဥမင်လိုဏ် ခေါင်းတစ်ခု ပြိုကျခဲ့လို့ အထဲမှာ အလုပ်သမား ၄၁ ယောက် ပိတ်မိနေခဲ့တာကို ဒီနေ နိုဝင်ဘာ ၂၃ရက်နေ့အထိ တာဝန်ရှိသူတွေက မ ကယ် ထုတ်နိုင်သေးဘူးလို့ သိရပါတယ်။
ပြိုကျခဲ့တဲ့ လိုဏ်ခေါင်းဟာ ဥတ္တရာကာရှိမြိုရဲ့ အဓိက အရေးပါတဲ့ ဟိမဝန္တာအဝေးပြေးလမ်းမကြီး ပရောဂျက်ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ ဥမင်လိုဏ်ခေါင်း တစ်ခု ဖြစ်ပါတယ်။
တာဝန်ရှိသူတွေ ပြောပြတာကတော့ ကယ်ထုတ်ဖို့ အသင့် အနေအထားရှိနေပါပြီလို့ ပြောပေမယ့် အခုထက် ပိုပြီး တိကျ ရေရာတဲ့ သတင်းမထုတ်ပြန်နိုင်လို့ အပြင်က မိသားစုတွေက အရမ်း ဒေါသထွက်နေကြပါတယ်။
တာဝန်ရှိသူတွေ ကတော့ အရေးပေါ်ယာဉ်တွေနဲ့ အရေးပေါ်ယာယီဆေးရုံတစ်ရုံ အဆင်သင့်ရှိနေပြီး အလုပ် သမားတွေ အားလုံး ဥမင်လိုဏ်ခေါင်းထဲကနေ မကြာခင်လွတ်မြောက်လာပါလိမ့်မယ်လို့ သတင်း လာယူနေ ကြတဲ့ AFP သတင်း ထောက်တွေကို ပြောဆို ခဲ့တယ်လို့ သိရပါတယ်။
အင်ဂျင်နီယာတွေကတော့ ပိတ်မိနေတဲ့ ကွန်ကရစ်နဲ့ အပျက်အစီးတွေကို အကွာအဝေး ၅၇ မီတာလောက် အထိအထဲကို တူးဖေါ်နေတယ်လို့ပြောပါတယ်။ လတ်တလောမှာတော့ ပိတ်မိနေတဲ့ သူတွေအတွက် အောက်စီဂျင်နဲ့ အစာအဟာရတွေကို သံပိုက်ခေါင်းကနေတစ်ဆင့် ပို့ပေးနေတယ်လို့ သိရပါတယ်။
Ref: AFP/gs
ပုံစာ။ ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်းတစ်ခု
Feature Image Credit: AFP/Arun SANKAR



