နယူးဒေလီ၊ မတ် ၂၁
ပြင်းထန်တဲ့ အပူလှိုင်းကြောင့် ဒေလီမှာ အပူချိန် ၄၇ ဒသမ၄ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့တာမို့ ကျောင်းတွေကို ပိတ်ဖို့ အိန္ဒိယအာဏာပိုင်တွေက အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။
ဒေလီမြို့က တာဝန်ရှိသူတွေက အပူရှိန်တွေ မြင့်လာလို့ စာသင်ကျောင်းတွေကို ချက်ချင်းပိတ်ဖို့ တောင်းဆိုခဲ့တဲ့အကြောင်း Hindustan Times က ဖော်ပြတာကို ကိုးကားပြီး အင်္ဂါနေ့ (မေလ ၂၁ ရက်) မှာ အမိန့်စာထုတ်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယမိုးလေဝသဗျူရိုက အခုသီတင်းပတ်မှာ “ပြင်းထန်တဲ့ အပူလှိုင်းအခြေအနေတွေ” ကို သတိပေးထားပြီး၊ ဒီနေ့ မေ ၂၁ တနင်္လာနေ့ မှာတော့ နိုင်ငံအနှံ့ အပူဆုံးဖြစ်တဲ့ ဒေလီမြို့ မှာဆို အပြင်းထန်ဆုံး အထွတ်အထိပ်ရောက်သွားပြီး ၄၇ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဟာရာနာ၊ မတ်ဟာရာ ပရာဒပ်၊ ပန်ဂျပ်နဲ့ ရာဂျစတန်အပါအဝင် တခြားပြည်နယ်တွေမှာလည်း အာဏာပိုင်တွေက ကျောင်းတွေ ပိတ်ဖို့ အမိန့်ပေးခဲတဲ့ အကြောင်း Indian Today သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံဟာ နွေရာသီ အပူချိန်တွေ ပြင်းထန်တာ အဆန်းမဟုတ်ပေမယ့် နှစ်ပေါင်းများစွာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေ အရ ရာသီဥတုပြောင်းလဲမှုနဲ့အတူ တစ်နှစ်ထက် တစ်နှစ် အပူချိန်တွေက ဆက်တိုက်တိုးလာနေတယ်လို့လည်း အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
Ref: AFP
ပုံစာ။ အပူဒဏ်အောက်က ကျောင်းသူတချို့ ကို တွေ့ရပုံ
Feature Image Credit: OUTLOOK



