အိန္ဒိယမှာ လူကိုးယောက်အထိ ကိုက်သတ်ခဲ့တဲ့ ကျား အသေပစ်ခတ်ဖမ်းဆီးခဲ့ရ

အိန္ဒိယမှာ အဓိက ရှင်သန်ပေါက်ဖွားကြတဲ့ ဘန်ကောကျားတစ်ကောင်
Photo Credit: A Bengal Tiger (file pic)

ဘီဟာ(အိန္ဒိယ)၊ အောက်တိုဘာ ၁၀

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ချန်ပါရန်မှာ အနည်းဆုံး လူကိုးယောက် အထိ သေဆုံးအောင် အန္တရာယ်ပြုခဲတဲ့ ကျားတစ်ကောင်ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ရတယ်လို့ သိရပါတယ်။

လူသားစားသူ ဆိုပြီး နာမည်ပေးထားတဲ့ အဲ့ဒီကျားဆိုးကို  ရဲအရာရှိ ၂၀၀နဲ့အတူ ခရိုင်တာဝန်ရှိသူတွေက လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ အချို့အရာရှိတွေက ကျားဆိုးကို ရှာဖွေဖို့ရာ ဆင်တွေစီးပြီး တောနင်း ရှာခဲ့ကြရတာလို့လည်း သိရပါတယ်။

ကျားဆိုးဟာ အထီးဖြစ်ပြီး ဗာလ်မီကီ ကျားထိန်းသိမ်းရေး စခန်းရှိတဲ့ ဒေသတစ်ဝိုက်မှာ သောင်းကျန်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ  ကမ္ဘာပေါ်က  တောရိုင်းကျားတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်ရာ အရပ်ဒေသဟာ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ကျားထိန်းသိမ်းရေးနယ်မြေတွေဟာလက်တွေ့မှာတော့ တိရစ္ဆာန်တွေ အဆင်ပြေပြေနေနိုင်တဲ့အကာ အကွယ် နယ်မြေတွေ ဖြစ်မလာသေးသလို  ထိန်းသိမ်းထားတဲ့ ကျားဦးရေနဲ့ ကိုက်ညီတဲ့ အကျယ်အဝန်းလိုအပ်ချက် အတိုင်း လိုက်ပြီး တိုးချဲ့နိုင်တာမျိုးလည်းမရှိသေးဘူးလို့ သိရပါတယ်။

ဒီအကြောင်းတွေကြောင့်ပဲ  တချို့သားရဲတွေဟာ သူတို့ အသက်ရှင်သန်ဖို့ရာ လူသားတွေ အခြေချနေနေတဲ့ စိုက်ခင်းတွေ ၊ရွာတွေဘက်ကို ရောက်လာအောင် တွန်းအားပေးသလို ဖြစ်လာခဲ့ရပြီး တစ်ခါတစ်ရံ အိမ်မွေး ကျွဲနွား တိရစ္ဆာန် တွေဆီကိုဦးတည်သွားစေသလို  တစ်ခါတစ်ရံမှာတော့ လူတွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး တိုက်ခိုက် သတ်ဖြတ်တာမျိုးတွေ ဖြစ်ရတာပါ။

ကျားဖမ်းတာကို စစ်ဆင်ရေး တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့ကြရပြီး အဲဒိ စစ်ဆင်ရေးကို  ဆီလ်တာတိုလာ ဘာလူဝါ ရွာနားကကြံခင်းတစ်ခု ထဲမှာ တွေ့ခဲ့တဲ့ သုံးနှစ်အရွယ်ကျားဆိုးကို  ဘီဟာ ရဲတပ်ဖွဲ့က ဦးဆောင်ပြီး    စနေ့နေ့ ဒေသစံတော်ချိန် ၁၅:၁၅ နာရီမှာပစ်ခတ်ဖမ်းဆီးနိုင် ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ  ထုတ်ပြန်ခဲ့တဲ့ အစိုးရအချက်အလက်တွေအရ နှစ်စဉ် ကျားကောင်ရေ ၄၀ ကနေ ၅၀ ကြား  အ‌ကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

Ref: BBC

ထိန်းသိမ်းနယ်မြေက ဘန်ကော ကျားတစ်ကောင်
photo Credit: The Telegraph
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *