
Photo Credit: GETTY IMAGES
ဂျားကန့်(အိန္ဒိယ)၊ ဇန်နဝါရီ ၆
အိန္ဒိယအစိုးရက ဂျိန်းဘာသာဝင် တွေအတွက် အရေးကြီးတဲ့ ဘုရားဖူးနေရာတစ်ခုမှာ ခရီးသွား လုပ်ငန်းတွေကို ပိတ်ပင်လိုက်ပါတယ်။
ဂျိန်းဘာသာဝင်တွေ အတွက် အရေးပါတဲ့ အထွတ်အမြတ်နေရာတွေရှိတဲ့ ဆန်းမ် ရီခါဂျီ တောင်ပေါ်ဒေသဟာ လှပသလောက် သဘာဝပတ်ဝန်းကျင် ထိခိုက်လွယ်တဲ့ ဧရိယာတစ်ခုလည်း ဖြစ်ပါတယ်။
အဆိုပါဧရိယာ တစ်ခုလုံးမှာ အရက်သောက်ခြင်းနဲ့ သက်သတ်လွတ်မဟုတ်တဲ့ အစားအစာတွေ စားတာသောက် တာ စတဲ့ အပြုအမှုတွေကို တားမြစ်ပေးဖို့ အစိုးရက ပြည်နယ် တာဝန်ရှိသူတွေကို တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။
အိန္ဒိယမှာ ဂျိန်းအသိုက်အဝန်းဟာ ယုံကြည်သူ ၄ ဒသမ၅ သန်း နီးပါး ပါဝင်တဲ့ ဘာသာရေးလူနည်းစုလည်း ဖြစ်ပါတယ်။
ဘာသာတရားကိုင်းရှိုင်းတဲ့ ဂျိန်းတွေက သူတို့ဘုန်းကြီးတွေရဲ့ လမ်းညွှန်မှုအောက်မှာ သူတို့ နေထိုင် ကိုးကွယ် နေကြတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့နေ့စဉ်လူနေမှုဘဝအတွက် ဂျိန်းဘုန်းကြီးတွေရဲ့ လမ်းညွှန်မှုတွေက အရမ်း ကို အရေးပါလှပါတယ်။ ဆေးဝါး၊အစားအသောက်က စလို့ လူမှု့ဘဝတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင် နေပါ တယ်။
ဒိ့အတွက် များပြားတဲ့ ခရီးသွားတွေကြောင့် အဲ့ဒိ ဒေသရဲ့ သဘာဝ ဝန်းကျင်ထိခိုက်မှာ ဂျိန်းတွေက အလွန်အမင်း ကို စိတ်ပူနေကြရတာဖြစ်ပါတယ်။
မကြာသေးခင်ကပဲ ပြည်နယ်အစိုးရက အဆိုပါဧရိယာကို ခရီးသွားနေရာတစ်ခု ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးပမ်း နေတာကို အဖွဲ့ဝင်တွေက သီတင်းပတ်အတန်ကြာ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ခဲ့ပါတယ်။
ပြည်နယ်အစိုးရရဲ့ အဆိုပြုချက်အတိုင်း ဆန်းမ်း ရီခါဂျီ က ပရာစနက်တောင်ကုန်းကို ခရီးသွား လည့်ပတ်ခွင့် အတွက် ခရီးသွားလုပ်ငန်းတွေကို ၂၀၁၉ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ ဇန်နဝါရီ ၅ ရက်မှာတော့ ဂျိန်းတွေဟာ ပြည်နယ်အစိုးရဆီကို စာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါ ဧရိယာဟာ ရပ်ရွာလူထုအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အရေးကြီးကြောင်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒိနေရာမှာ ရှိနေတဲ့ ဘုရားဖူးခရီးစဥ် အပါအဝင် ရိုးရိုးအလည်အပတ်ခရီးသွားလုပ်ငန်းနဲ့ သဘာဝပတ် ဝန်းကျင် လေ့လာရေးခရီးသွား လုပ်ငန်းတွေလှုပ်ရှား လုပ်ကိုင်နေတာအားလုံးကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ဂေဟစနစ်ထိခိုက်လွယ်တဲ့ဇုန်တွေနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းပေးဖို့ ပြည်နယ်တာဝန်ရှိ အဖွဲ့ကို တောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုချက်ထဲမှာ “ကျယ်လောင်တဲ့တေးဂီတ၊ အရက်သေစာရောင်းချမှုနဲ့ သုံးစွဲမှု၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အရေးပါတဲ့နေရာတွေ ကို ညစ်ညမ်းစေတဲ့ ကိစ္စအားလုံး” တာမြစ်ပေးဖို့ အချက်တွေ လည်းပါဝင်ပါ တယ်။
သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဘူပန်ဒရာ ယာဒတ် က ဖက်ဒရယ်အစိုးရ အနေနဲ့ ဆန်းမ် ရီခါဂျီ အပါအဝင် ဘာသာရေးနေရာတွေအားလုံးမှာ ဂျိန်းအသိုက်အဝန်းတွေရဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပေးဖို့ ကတိပြု ကြောင်း တွစ်တာမှာ ရေးခဲ့တယ်လို့လည်း သိရပါတယ်။
Ref:BBC