နယူးဒေလီ၊ ဧပြီ ၂၀
အိန္ဒိယမှာ ကမ္ဘာအကြီးဆုံးရွေးကောက်ပွဲကြီးကို ဧပြီ ၁၉ရက် သောကြာနေ့က စပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။
လူကြိုက်များတဲ့ ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ ကလည်း ရှားရှားပါးပါး တတိယသက်တမ်း ဆက်တိုက်ရဖို့ မျှော်လင့်ထားပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှုကို ပိုမိုနက်ရှိုင်းစေမယ်လို့ ဆိုပါတယ်။
လူ ၉၆၉ သန်းနီးပါးက သမိုင်းမှာ အကြီးမားဆုံး ဒီမိုကရက်တစ် အသွင် မဲပေးဖို့ အရည်အချင်းပြည့်မီထားကြပြီး ဧပြီ ၁၉ ကနေ ဇွန် ၁ရက် အထိ သီတင်း ခြောက်ပတ်ထဲမှာ အဆင့် ခုနစ်ဆင့်နဲ့ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ မဲတွေကိုတော့ ဇွန်လ ၄ ရက်နေ့မှာ စပြီး ရေတွက်မှာ ဖြစ်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် မိုဒီရဲ့ အင်အားကြီး လက်ယာယိမ်း Bharatiya Janata Party (BJP) ပါတီဟာ ပါလီမန် အောက်လွှတ်တော် ဒါမှမဟုတ် Lok Sabha မှာ အပြတ်အသတ်မဲတွေ ရဖို့ မျှော်လင့်နေပါတယ်။
တစ်ချိန်ထဲမှာပဲ အာဏာရဆယ်စုနှစ်တစ်လျှောက်လုံးတွင် BJP ပါတီဟာ ဟိန္ဒူအမျိုးသားရေးဝါဒီနိုင်ငံရေးနဲ့ သဘောထားကွဲလွဲမှုတွေအပါအဝင် ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ကို ဖြိုခွဲနေတယ်လို့လည်း စွပ်စွဲ ပစ်တင် ခံနေရတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ မဲလာပေးနေကြတဲ့ အိန္ဒိယ အမျိုးသမီးများ
Feature Image Credit: PTI



