အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ အပူချိန် မြင့်တက်တဲ့ ဒဏ်ကြောင့် တစ်ရက်တည်း  လူ ၁၅ ယောက်ထက်မနည်းသေဆုံး

ဘူဘန်နဆွာ၊ မေ ၃၁

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာနဲ့ အောဒစ်ရှ ပြည်နယ်တွေမှာ အပူချိန် မြင်တက်တဲ့ ဒဏ်ကြောင့်  ကြာသပတေးနေ့ (မေလ ၃၀ ရက်) တစ်ရက်တည်းမှာ လူ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပြီး နောက်ရက်တွေလည်း အပူချိန်ဆက် မြင့်တက်နေဖို့ ရှိတယ်လို့ သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံ  မြို့တော်ဒေလီမှာလည်း အခုသီတင်းပတ်ထဲမှာ နိုင်ငံရဲ့  အမြင့်ဆုံးအပူချိန် အဖြစ် ၅၂ ဒသမ ၉ ဒီဂရီစင်တီဂရိတ် အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနဲ့  အလယ်ပိုင်းတွေမှာတော့ လာမယ့်ရက်တွေမှာ အပူချိန် ကျသွားနိုင် တယ်လို့ ခန့်မှန်းထားပေမယ့်လည်း အရှေ့ဘက်အိန္ဒိယမှာ ပျံ့နှံ့နေတဲ့  အပူလှိုင်းကတော့ နောက် နှစ်ရက်လောက်အထိ ဆက်ရှိနေဦးမယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref: REUTERS

ပုံစာ ။ အပူဒဏ်ခံနေရတဲ့ အိန္ဒိယ အမျိုးသမီးကြီးတစ်ယောက်

Feature Image Credit: REUTERS/Anushree Fadnavis)

Visited 41 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *