မွမ်ဘိုင်း၊ မေ ၁၃
အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ မိုးကြိုးပစ်ခံရပြီး ကြော်ငြာဘုတ်ကြီးတစ်ခု ပြိုကျခဲ့ရာက အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေ က သတင်းထုတ်ပြန်လိုက်ပါတယ်။
တနင်္လာနေ့ (မေလ ၁၃ ရက်) ညပိုင်းက လေပြင်းတွေနဲ့အတူ မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် ဂကူပါ အရှေ့ဘက်ဆင်ခြေဖုံးမှာ ရှိတဲ့ လူသွားလူလာများတဲ့ လမ်းပေါ်က ဓါတ်ဆီဆိုင်နားမှာ ထောင်ထားတဲ့ ကြော်ငြာဘေလ်ဘုတ်ကြီးပြိုကျခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ မေ၁၄ရက် အင်္ဂါနေ့ အစောပိုင်းအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေပေမယ့် လူတချို ပိတ်မိနေတုန်းပဲလို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ မိုးကြိုးမုန်တိုင်းကြောင့် မြို့တော်နေရာအနှံ့ ယာဉ်အသွားအလာတွေ ရပ်သွားသလို့ နိုင်ငံရဲ့ အလုပ်အများဆုံးလေဆိပ်မှာလည်း ပုံ့မှန်လုပ်ငန်းတွေ ရပ်ထားရတယ်လို့ သိရပါတယ်။
မွမ်ဘိုင်းမြို့တော် မြူနီစီပယ်ကော်ပိုရေးရှင်းက ဒီမတော်တဆ မှုမှာ အနည်းဆုံး လူ ၇၄ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ရပြီး ဒီနေ့ မနက်မှာ ၃၁ယောက် ဆေးရုံက ပြန်ိ ဆင်းနိုင်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
Ref: AFP/ Agencies/fs/fh/rk
ပုံစာ။ ပြုတ်ကျနေတဲ့ ကြော်ငြာဘေလ်ဘုတ်ကြီးကို တွေ့ရပုံ
Feature Image Credit: REUTERS/Hemanshi Kamani)



