အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်က ပို့ ဆောင်ရေးလေယာဥ်တစ်စီး ပြေးလမ်းချော်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်က ပို့ ဆောင်ရေးလေယာဥ်တစ်စီး ပြေးလမ်းချော်မှုတစ်ခု ဇန်နဝာရီလ၂၃ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီဇိုရမ်ကသ တင်းဌာနအချို့ဆီက သိရပါတယ်။

ပြေးလမ်းချော်ခဲ့တဲ့လေယာဥ်ဟာ ဇန်နဝါရီလ၁၇ရက် AAနဲ့စစ်တပ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့် အိန္ဒိယဘက်ကို ထွက်ပြေးသွားခဲ့တဲ့ မြန်မာစစ်သားတွေကို လာခေါ်တဲ့ လေယာဥ်လို့ သိရပါတယ်။

လေယာဥ်ပေါ်မှာ လေယာဥ်မှူးအပါအဝင် ၁၄ဦးလိုက်ပါလာပြီး လေယာဥ်မှူးနဲ့စစ်သား၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆ဦးကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

Visited 25 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *