အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မီးရထားလမ်းတံတားပြိုကျ အနည်းဆုံး လူ ၁၇ ဦး သေဆုံး

မီဇိုရမ်၊ ဩဂုတ် ၂၃

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်က ဆောက်လုပ်နေဆဲ ဖြစ်တဲ့ မီးရထားလမ်းတံတားတစ်ခု သြဂုတ် ၂၃ ရက် ဗုဒ္ဓဟူးနေ့ မှာ ပြိုကျခဲ့လို့  အနည်းဆုံး အလုပ်သမား ၁၇ ဦး သေဆုံးပြီး အများအပြား ပိတ်မိနေဖွယ်ရှိနေတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ် မြို့တော် အိ့ဇဝါ ကနေ  ကီလိုမီတာ ၂၀ အကွာမှာ ရှိတဲ့ ဆိုင်ရန်မှာ ဖြစ်ပွားခဲ့တာ ဆိုတဲ့ အကြောင်းလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ က မီဒီယာပလက်ဖောင်း X ကနေ ပြောပါတယ်။

အခင်းဖြစ်ပွားတဲ အချိန်က အဲ့ဒိနေရာမှာ  အလုပ်သမား ၃၅ယောက် ကနေ ၄၀ လောက်အထိ အလုပ်လုပ်နေတယ်လို့ ဒေသ တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

“ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရသူတွေကို တတ်နိုင်သမျှ အကူအညီတွေ ပေးနေပါ တယ်” လို့  အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက X မီဒီယာကနေ ရေးတင်လိုက်တာလည်း တွေရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ အောက်တိုဘာလတုန်းကလည်း  အနောက်ဂူဂျာရတ်ပြည်နယ် မော်ရဘီမှာ ကိုလိုနီခေတ် လက်ကျန် ကြိုး တံတားပြိုကျခဲ့လို့  လူ ၁၃၅ယောက် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

အလားတူ  ဘီဟာပြည်နယ်က ဆောက်လက်စ ကြိုးတံတားတစ်စင်း ၂၀၂၃ ဇွန်လက ပျက်ကျပြီး လူတစ်ယောက် အသက် ဆုံးရှုံးခဲ့ရသေးတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref: Reuters

ပုံစာအညွှန်း။ ပျက်ကျနေတဲ့ တံတားကို တွေ့ရစဥ်

Feature Image Credit: Twitter/Zoramthanga

Leave a Reply

Your email address will not be published. Required fields are marked *