အိန္ဒိယနိုင်ငံ မဏိပူရ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့အရေးယူ မှုတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်မိုဒီက ကတိပြု

တိုက်ခိုက်ခံရလို့ ဘေးလွတ်ရာ ထွက်ပြေ:လာကြရတဲ့ ကူကီးမိသားစုများ  
Photo Credit: GETTY IMAGES

နယူးဒေလီ၊ ဇူလိုင် ၂၀

 မဏိပူရပြည်နယ်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ဇူလိုင်လ၂၀ ရက် ကြာသပ တေးနေ့ မှာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက   ရှုတ်ချကြောင်း ပြေဆိုလိုက်ပါတယ်။ ဒါတင်မက လူပေါင်း ၁၂၅ ဦးထက်မနည်း သေဆုံး ခဲ့ရ တဲ့  ဝေးလံခေါင်သီတဲ့ အရှေ့မြောက်ပိုင်းက လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးလည်း ပြင်းပြင်းထန်ထန် အရေးယူ မယ် လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။

လူမျိုးစု တိုက်ပွဲတွေဟာ မေလ အစောပိုင်းကတည်းက စခဲ့ပြီး အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ပထမတော့ တိုက် ခိုက်တာတွေကို အချိန်တိုအတွင်း ထိန်းချုပ်ရပ်တန့်နိုင်ခဲ့ပေမယ့် ကြိုကြားကြိုကြား အကြမ်းဖက်မှုတွေနဲ့  သတ်ဖြတ်မှုတွေ ပြန်စခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနယ်စပ်ဒေသထဲကလူဦးရေ ၃ ဒသမ ၂သန်းရဲ့အခြေအနေက တင်းမာ နေ ဆဲပါ။ ဒီနေ့အထိ လူရာနဲ့ချီ ဒဏ်ရာရခဲ့ပြီး ၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

အဆိုပါဒေသမှာ နေထိုင်တဲ့  ကူကီးလူမျိုးစု တွေရဲ့  အစိုးရ အလုပ်အကိုင်နဲ့ပညာရေးအပါအဝင် အထူးစီးပွားရေး အကျိုး ခံစားခွင့်တွေနဲ့  ခွဲတမ်းတွေ တိုးမြှင့်ပေးဖို့  ပြည်နယ်အစိုးရကို တရားရုံးက အမိန့်ချလိုက်ပြီးတဲ့နောက် မေလ ၃ ရက်နေ့ တခြားမျိုးနွယ်စုတွေရဲ့ အကြမ်းဖက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

လူမျိုးစုတိုက်ပွဲတွေ ဖြစ်ပွားရာဟာ ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata Party (BJP) က အုပ်ချုပ်နေတဲ့ ပြည်နယ် တစ်ခုဖြစ်ပြီး  ပြဿနာနဲ့ ပတ်သက်ပြီးလည်း  လူသိရှင်ကြား မှတ်ချက်တစ်စုံတစ်ရာ ပေးတာမျိုးမရှိသေးပေမယ့်  မဏိ ပူရမှာ အမျိုးသမီးတွေ အနှိပ်စက်ခံရတာကို ရိုက်ထားတဲ့  ဗီဒီယိုတွေ ပေါ်ထွက်လာပြီးတဲ့နောက် ပြသနာမီးတောက်က ပို အရှိန်မြင့်လာခဲ့တာလို ဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်က  ဗီဒီယိုတွေမှာတော့ လမ်းမပေါ်မှာ အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်တဲ့ပြကွက်တွေပါနေ ပေမယ့် ဒီဗီဒီ ယိုက အစစ်ဆိုတာတော့အတည်မပြုနိုင်သေးဘူးလို့ Reuters ကပြောထားပါတယ်။

Ref: Reuters

feature Image: : Arun Sankar/ AFP

Leave a Reply

Your email address will not be published. Required fields are marked *