
Photo Credit: AFP
နယူးဒေလီ၊ မေ ၇
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာမို့လူ ၅၀ ကျော် သေဆုံးခဲ့သလို ရာနှင့်ချီတဲ့သူတွေ ဆေးရုံတင်ထားရပြီး လူ ၂၃၀၀၀ လောက်ကအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေနဲ့ အိန္ဒိယစစ်တပ်က ထုတ် ဖော် ပြောဆို လိုက်ပါတယ်။
အခုသီတင်းပတ်အစောပိုင်းက ကူကီးနဲ့ မိတေးတိုင်းရင်းသားအဖွဲ့တွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက် အနည်းဆုံး လူ ၅၅ ဦးထက်မနည်း သေဆုံးပြီး ၂၆၀ ဦး ဆေးရုံတင်ထားရတယ်လို့ အင်ဖာမြို့က ဆေးရုံတာဝန်ရှိသူတွေက မေလ ၇ရက် တနင်္ဂနွေနေ့ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြားက အရပ်သား ၂၃,၀၀၀ နီးပါး ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်တွေကို ပြည်နယ်စစ် အခြေစိုက် စခန်း တွေနဲ့ မြို့ပေါ်က နေရာတချို့မှာ ကယ်ဆယ်ထားရှိထား တယ်လို့ အိန္ဒိဃ စစ်တပ်က ပြောပါတယ်။
အဆိုပါ လူမျိုးစုနှစ်စုဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်နေရာတွေနဲ့ အင်ဖာ လမ်းတွေပေါ်မှာ တစ်ဘက်နဲ့ တစ်ဘက် လက်နက် မျိုး စုံ နဲ့ တိုက်ခိုက်ခဲ့နေကြတာ လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ သေနတ်ဒဏ်ရာရတဲ့သူက အများဆုံးလို့ အင်ဖာဆေးရုံက တာဝန်ရှိသူတွေရယ်၊ ဒေသဆိုင် ရာ ဆေးသိပ္ပံ၊ ဆေးသိပ္ပံ ဂျာဝါဟာလာနေရူး အင်စတီကျုနဲ့Churachandpur ခရိုင်ဆေးရုံက တာဝန်ရှိသူတွေက ပြောပါ တယ်။
“လူနာအများစုဟာ ပြင်းထန်တဲ့ ကျည်ဆန်ဒဏ်ရာတွေ ရလာသလို ခေါင်းကို ဓါးနဲ့ ခုတ်ခံရတဲ့ သူတွေလည်း များတယ် ” လို့ မဏိပူရ ချူရာချန်ပူ ခရိုင်ဆေးရုံရဲ့ ဒေါက်တာမောင်ဟတ် ဇောင် က CNN ကို ပြောပါတယ်။
အိန္ဒိယစစ်တပ်က တပ်ဖွဲ့ဝင်တွေကို လမ်းတွေပေါ်မှာ ဖြန့်ကျက်ချထားပြီး မိုဘိုင်းအင်တာနက်ကိုလည်း ဖြတ်တောက်ထား တယ်လို့ သိရပါတယ်။
Ref: CNN
ကာဗာပုံစာ။တိုက်ခိုက်မှုတွေကြားမှာ မီးရှိုဖျက်စီး ခံထားရတဲ့ အိမ်တစ်လုံး
Photo Credit: AFP