အိန္ဒိယနိုင်ငံ၊ဟိမဝန္တာတောင်ကြောမှာ ဥမင်လှိုဏ်ခေါင်းတူးရင်း ပြိုကျခဲ့ရာကနေ ဥမင်လှိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားများကို ရှာဖွေကယ် ဆယ်ရေးအဖွဲ့တွေက စတင်ကယ်ထုတ်နိုင်ပြီဖြစ်တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဥမင်လှိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ ဆောက်လုပ်ရေးအ လုပ်သမား၄၁ဦးရှိပြီး အခုအခါမှာ အလုပ်သမား၁၃ဦးကိုစတင်ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်သူတွေကို မကြာမီ ကယ်ထုတ်နိုင်တော့မှာလို့လည်း သိရပါတယ်။



ပိတ်မိနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားများ လှိုင် ခေါင်းအတွင်း အသက်ရှင်ရပ်တည်ဖို့အတွက် အစား အစာ၊ ရေနှင့် ဆေးဝါးများကို ပိုက်လိုင်းတခုမှတဆင့် ပေးပို့ခဲ့တယ်လို့
သိရပါတယ်။
အလုပ်သမားတွေကို ကယ်ထုတ်နိုင်ဖို့အတွက် နာရီပေါင်း ၄၀၀ ကျော်ကြာ တူးဖော်ခဲ့ပြီး လူ ၄ ယောက်စီပါတဲ့ ကယ် ဆယ်ရေးအဖွဲ့ ၃ ဖွဲ့က ဒီ ဆောက်လုပ်ရေးအလုပ်သမား ၄၁ဦး ပိတ်မိနေတဲ့ ဥမင်လိုဏ်ခေါင်းထဲကို အရင်ဝင်သွားပြီး ကယ် ဆယ်ရေးအစီအစဉ်ကို စတင်ခဲ့တာလို့ သိရပါတယ်။



