အိန္ဒိယနိုင်ငံရဲ့ Maha Kumbh ပွဲတော်မှာ လူအုပ်ပြိုကျ အနည်းဆုံး ၁၅ယောက် သေ

 ပရာယာဂရာဂျ်၊ ဇန်နဝါရီ ၂၉

အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဘာသာရေးစုဝေးပွဲ တစ်ခုမှာ လူအုပ်ပြိုမှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ Maha Kumbh ပွဲတော်မှာ တာဝန်ကျတဲ့ ဆရာဝန်တစ်ယောက်က အေအက်ဖ်ပီကို ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၉ ရက်)မှာ ပြောပါတယ်။

အသေအပျောက်များခဲ့တဲ့ ဒီ လူစုလူဝေး ပွဲတွေဆိုတာဟာ အိန္ဒိယဘာသာရေးပွဲတော်တွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး  နားလည်ဖို့ခက်တဲ့ ဝတ်ပြုသူတွေ မကြာခဏ အစုလိုက်အပြုံလိုက် သေဆုံးရလေ့ရှိပါတယ်။

သီတင်းခြောက်ပတ်ကြာ ကျင်းပနေတဲ့ ဒီပွဲတော်ဟာ  ဟိန္ဒူဘာသာရေးပြက္ခဒိန်မှာ အကြီးမားဆုံး မှတ်တိုင်တစ်ခုဖြစ်ပါတယ်။

“လောလောဆယ် လူ ၁၅ ဦးထက်မနည်း သေဆုံးသွားပါပြီ။ တခြားသူတွေကို ကုသပေးနေပါတယ်” လို့  ပရာယာဂရာ့ဂ်မြို့က  ဆရာဝန်က မီဒီယာတွေနဲ့  စကားပြောဆိုခွင့်မရှိတာမို့ အမည်မဖော်ဘဲ ပြောဆိုခဲ့တာလို့ သိရပါတယ်။

Ref: CNA

ပုံစာ။ အခင်းဖြစ်နေရာကို တွေ့ရပုံ

Feature Image credit: AFP

Visited 86 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *