အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီးပေါ် ကျင်းပနေတဲ့ မင်္ဂလာပွဲ မီးလောင်ပေါက်ကွဲ သေဆုံးသူ ၂၅ဦး အထိရှိလာ 

မဟာရက်ရှထရာ၊ ဇူလိုင် ၆

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှထရာ ပြည်နယ်မှာ ဇူလိုင် ၁ရက်နေ့ စနေနေ့က မင်္ဂလာပွဲကျင်းပနေတဲ့ ဘတ်စ် ကားတစ်စီး မီးလောင်မှုပေါက်ကွဲမှုဖြစ်ပွားခဲ့ရာက သေဆုံးသူ အနည်းဆုံး လူ ၂၅ ဦး အထိရှိပြီလို့ သိရပါတယ်။။

အခင်းဖြစ် မီးလောင်မှုဟာ ဆန်မူရီ မာဟန်မတ်  အမြန်လမ်းမှာ အခင်းဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဘူလဒါနာရဲတပ်ဖွဲ့မှုး ဘာဘူရို မာဟန်အူနီ ကစီအန်အန် ကို ပြောပါတယ်။

အဆိုပါ ဘတ်စ်ကားဟာစနေနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီလောက်မှာဒီဇယ်ဆီတိုင်ကီ မီးလောင်သွားရာက စပြီး တစ်စီးလုံးကို ကူးစက်သွားတာလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ဒေသဆိုင်ရာဝန်ကြီးချုပ်အက်ခနတ် ရှင်ဒီက ဝမ်း နည်းကြောင်းဖော်ပြပြီး သေဆုံးသွားတဲ့သူတွေရဲ့ ဆွေမျိုးတွေကို လျော်ကြေးပေးမယ်လိုလည်း ပြောဆိုပါတယ်။

“ဝန်ကြီးချုပ်ကပဲ ထပ်ပြီး သူ့ရဲ့ တွစ်တာမှာ အဝေးပြေးလမ်းမကြီးပေါ်မှာဘတ်စ်ကားတစ်စီး ထိတ်လန်စရာမတော်တဆ မှုဖြစ်ခဲ့တာကိုအလွန်ဝမ်းနည်းပါတယ်”လို့ လည်း ဖော်ပြခဲ့ပြန်ပါတယ်။

နောက်ဆုံးသတင်းတွေအရကတော့ ကယ်ဆယ်ရေးရန်ပုံငွေထဲကနေပြီးတော့”သေဆုံးသူတစ် ဦးချင်းစီရဲ့မိသားစုတွေကို ကန်ဒေါ်လာ ၆၀၀၀ ဝန်းကျင်အထိ ထောက်ပံ့ပေးမယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုလိုက်ကြောင်းသိရပါတယ်။

Ref: CNN

Photo Credit: Gajanan Mehetre/AFP/Getty Images

Leave a Reply

Your email address will not be published. Required fields are marked *