အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတစ်ယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမျိုးသား သုံးယောက်ကို ဖမ်းဆီးရမိ

နယူးဒေလီ၊ မတ် ၄

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ နိုင်ငံခြားခရီးသွားတစ်ယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု  စွပ်စွဲချက်နဲ့ အမျိုးသား သုံးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နိုင်ငံရဲ့  ဆယ်စုနှစ်များစွာကြာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မီးမောင်းထိုးပြခဲ့တဲ့ အဲ့ဒိအမှုရဲ့  နောက်ထပ် သံသယရှိသူ လေးယောက်ကိုလည်း ထပ်ရှာနေတယ်လို့ သိရပါတယ်။

အနောက်ဘန်ဂေါပြည်နယ်ကနေ အိမ်နီးချင်းနီပေါနိုင်ငံကို  ဆိုင်ကယ်နဲ့ ခရီးသွားနေတဲ့  စုံတွဲကို ကင်းလှည့်ရဲအရာရှိတွေက မတ်လ ၁ရက်  သောကြာနေ့နှောင်းပိုင်းမှာ တွေ့ခဲ့သေးတယ်လို့ ဂျဟတ်ခန်း  ပြည်နယ် ဒမ်မခါ  ခရိုင်ရဲမှူး ပီတမ်ဘာ ဆင်းက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက ဆရာဝန်ကို အကျိုးအကြောင်းပြောပြပြီးတဲ့နောက် ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတွေက အလိုရှိနေတဲ့ သံသယရှိသူတွေကို သိရှိပြီး အထောက်အထားတွေကို အခြေခံကာ အထူးစုံစမ်းစစ်ဆေး ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း လည်း သိရပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေရဲ့  အမည်နာမ ဖော်ပြဖို့  ဟန့်တားထားတဲ့ အိန္ဒိယဥပဒေနဲ့ အညီ အမျိုးသမီးကို အမည်ဖော်ပြတာမျိုးမရှိပါဘူး။ ဒါ့အပြင့် အမျိုးသမီးရဲ အဖော် အမျိုးသားနာမည်ကို ထုတ်ဖော်တာမျိုးလည်း မလုပ်ခဲ့ကြဘူးလို့ လည်း သိရပါတယ်။

Ref: CNN

ပုံစာဖမ်းဆီထားတဲ့ တရာခံ သုံးယောက်ကို တွေ့ရပုံ

Feature Image Credit : Dumka Police/X

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *