နယူးဒေလီ၊ နိုဝင်ဘာ ၁၄
နိုဝင်ဘာ ၁၂ရက် တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံက တည်ဆောက်ဆဲ တောင်ကို ဖေါက်ထွင်းထားတဲ့ ဥမင်လိုဏ် ခေါင်းတစ်ခု ပြိုကျခဲ့လို့ အထဲမှာ အလုပ်သမား ၄၀ ထက်မနည်းပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။
ပိတ်မိ နေ တဲ့ အမျိုးသားအလုပ်သမား ဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ဖို့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အပြင်း အထန် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ ပိတ်မိနေတဲ့ လိုဏ်ခေါင်းထဲမှာအောက်ဆီဂျင်နဲ့ရေ နည်းနည်းပဲ ကျန်တော့တယ် လို့လည်း သိရပါတယ်။
အခု ပြိုကျခဲ့တဲ့ လိုဏ်ခေါင်းဟာ ဥတ္တရာကာရှိမြိုရဲ့ အဓိက အရေးပါတဲ့ ဟိမဝန္တာအဝေးပြေးလမ်းမကြီး ပရော ဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဥမင်လိုဏ်ခေါင်း တစ်ခု ဖြစ်ပါတယ်။
ပြိုကျချိန်မှာ အလုပ်သမားအများအပြားအလုပ်လုပ်နေတဲ့ အချိန်လို့လည်း သိရပါတယ်။
“အထဲက အလုပ်သမားတွေနဲ့ အဆက်အသွယ်ရှိနေတယ်။ အားလုံးအဆင်ပြေပြေ သူတို့နဲ့ ဆက်သွယ်နေပါတယ်” “သူတို့ အားလုံး ကို ကယ်ထုတ်ဖို့ ကျွန်တော်တို့အားလုံး ကြိုးစားနေပါတယ်” လို့ ဥတ္တရာကာရှီ ရဲတပ်ကြပ်ကြီး အာပန် ရာဒူဗန်ရှိက CNN ကို ပြောပါတယ်။
အလုပ်သမားတွေဟာ ၁၉၅ပေ ထုထည်ရှိတဲ့ အပျက်အဆီးတွေကြားမှာ ပိတ်မိနေရာက အခုဆို ၆၅ပေ လောက်ရှိတဲ့ အပျက် အဆီးတွေကို ဖယ်ရှားပစ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေကလေည်း အပျက်အစီးတွေ ကြားကနေပဲ အောက်ဆီဂျင်နဲ့ ရေတွေ ပို့ပေးနေတယ်လို့ ရာဒူဗန်ရှီ က ပြောပါတယ်။
ဒီနေ့မှာတော့ ပြည်နယ်အစိုးရနဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက နယ်မြေခံ ရဲအရာရှိတွေနဲ့ အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ပြိုကျသွားတဲ့ ဥမင်လိုဏ်ခေါင်းကို တွေ့ရပုံ
Feature Image Credit: Pushkar Singh Dhami/Twitter (X)