ဟားထရတ်၊ ဇူလိုင် ၃
အင်္ဂါနေ့ ဇူလိုင် ၂ရက်ကအိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ဟိန္ဒူဘာသာရေးစည်းဝေးပွဲ တစ်ခုမှာ လူအုပ်ကြီး ပြိုခဲ့လို့ ပရိသတ် ၁၁၆ယောက် သေ ဆုံးခဲ့ရပါတယ်။ ဒီသေဆုံးမှုဟာ ဆယ်စုနှစ်တစ်ခုကျော်ကာလမှာ အိန္ဒိယနိုင်ငံ အတွက်တော့ အဆိုးရွားဆုံး လူအုပ်ပြိုပြီး သေဆုံးမှု ဖြစ်ပါတယ်။
ဇူလိုင် ၂ရက်နေ့က အိန္ဒိယမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်မှာ လုပ်ခဲ့တဲ့ အဲ့ဒိပွဲကို သက်ဆိုင်ရာက ခွင့်ပြုတာက ပရိသတ် ၈၀၀၀၀ အထိပဲ ဖြစ်ပေမယ့် အဲ့ဒိနေ့က ပရိသတ်လူပေါင်း ၂၅၀၀၀၀ အထိတက်ရောက်လာခဲ့ပြီး ခွင့်ပြုထားတဲ့ ပမာဏထက် သုံးဆအထိပိုများခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပွဲအပြီး နာရီပိုင်းမှာတော့ ကွင်းထဲမှာ အဝတ်အစားတွေနဲ့ ဖိနပ်တွေက ရွံနွံတွေအပြ့ည့်နဲ့ကွင်းကြီးထဲမှာ နေရာအနှံ့ပြန့်ကျဲနေတယ်လို့ အသက်ရှင်ကျန်ခဲ့တဲ့ မျက်မြင်တွေက ပြောပါတယ်။
ပရိသတ်တချို့ရဲ့ ပြန်ပြောတာက ကုန်းစောင်းတစ်ခုပေါ်ကနေ ရေဝင်နေတဲ့ မြောင်းထဲကို တစ်ယောက်အပေါ် တစ်ယောက်ထပ်ပြီး ပြုတ်ကျကုန်တာလို့ ဆိုပါတယ်။
“အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူအုပ်ကြီး အားလုံးက ပွဲနေရာကနေ ချက်ချင်း ထွက်သွားကြတယ်” လို့ အင်္ဂါနေ့က တာဝန်ကျခဲ့တဲ့ အသက် ၅၀ အရွယ် ရဲအရာရှိ ရှိလာ မာရူယာ က ပြောပါတယ်။
တရားဟောဆရာရဲ့ ခြေရာအနားတစ်ဝိုက်က မြေဆီလွှာကို လက်တစ်ဆုပ်စာလောက်ရဖို့ အလုအယက် ကြိုးစားရာက အခုလို ဝမ်းနည်းစရာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလို့ သိရပါတယ်။
Ref: AFP
ပုံစာ။ သေဆုံးသူတွေကို သယ်ထုတ်နေကြပုံ
Feature Image Credit: AP/Manoj Aligadi



