အိန္ဒိယနိုင်ငံက ဒေလီလေဆိပ်အမိုးပြိုကျ တစ်ယောက်သေ အများအပြားဒဏ်ရာရ

နယူးဒေလီ၊ ဇွန် ၂၈

ဇွန်လ ၂၈ရက် သောကြာနေ့မှာ မိုးသည်ထန်ခဲ့ပြီးတဲ့နောက် လေဆိပ်ခေါင်မိုးပြိုကျပြီး လူတစ်ယောက်သေဆုံးကာ ခရီးသည်တွေ အနီးအနားလူတွေ ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်က အိန္ဒိယနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့လည်း သက်ဆိုင်သူတွေက မှတ်ချက်ပေးပါတယ်။

“ဒီမနက်အစောပိုင်းကတည်းက မိုးသည်းသည်းထန် ရွာခဲ့လို့ ဒေလီလေဆိပ်ရဲ့ တာမင်နယ် (၁) ထွက်ခွာဂိတ်ရဲ့ ခေါင်မိုးတစ်စိတ်တစ်ပိုင်းက  မနက် ၅ နာရီဝန်းကျင်မှာ ပြိုကျခဲ့ပါတယ်” လို့ အင်ဒရာဂန္ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမတော်တစ်စဖြစ်ရပ်ကြောင့် တာမင်နယ် (၁) ကနေထွက်ခွာမယ့် ထွက်ခွာမှုအားလုံးကို ယာယီ ရပ်ဆိုင်းထားလိုက်တဲ့ အကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားတယ်လို့ သိရပါတတယ်။

ဒေလီမီးသတ်ဌာနရဲ့  လက်ထောက်ဌာနခွဲအရာရှိ ရာဗင်ဒါ ဆင်း က “အခင်းဖြစ်ဖြစ်ချင်း ကျနော်တို့ အမြန်သွားခဲ့ပါတယ်။ ဒဏ်ရာရသူ ရှစ်ယောက်ရှိပြီး အမျိုးသားတစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်”လို့  CNN ကို ပြောပြပါတယ်။

အိန္ဒိယရဲ့  မြို့ပြလေကြောင်း ဝန်ကြီး ရမ် မိုဟန် နိုင်ဒူ ကင်ဂျာရာပူ ကဒီအဖြစ်အပျက်ကို ကျနော် လေ့လာစောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။

အခုသီတင်းပတ်ထဲ နိုင်ငံရဲ့ ဒေသတချို့ မိုးသည်းထန်ရွာခဲ့သလို မြို့တော်ဒေလီမှာလည်း အပူချိန် ၄၉ ဒသမ ၉ ဒီဂရီစင်တီဂရိတ် ( ၁၂၁ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်မားတဲ့ အပူချိန်ကို ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ ပြိုကျနေတဲ့  လေဆိပ်အမိုးကို တွေ့ရပုံ

Feature Image credit: Stringer/AP

Visited 55 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *