ဒေလီ၊ စက်တင်ဘာ ၉
အိန္ဒိယနိုင်ငံကို မကြာသေးခင်က ရောက်လာတဲ့ နိုင်ငံတစ်ခု( အမည်ဖေါ်ပြမထား) က ထွက်ခွာလာသူ အမျိုးသားတစ်ယောက်မှာ မျောက်ကျောက်သံသယရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့ ပြောပါတယ်။
လက်ရှိမှာ လူနာကို ဆေးရုံမှာ သီးခြားခွဲထားပြီး အခြေအနေ တည်ငြိမ်နေပါတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနဘက်ကတော့ လူနာမှာ မျောက်ကျောက် ဘယ်အမျိုးအစား ကူးစက်သံသယရှိတဲ့ အကြောင်းကိုတော့ ထုတ်မပြောသေးဘူးလို့ ဆိုပါတယ်။
ဒီရောဂါဟာ အနီးကပ်ထိတွေ့မှုက တဆင့် ကူးစက်နိုင်ပြီး အများအားဖြင့် အပျော့စားဖြစ်ပြီး ရှားရှားပါးပါး အခြေအနေနဲ့ ကြုံရရင်တော့ သေဆုံးနိုင်တယ်လို့ သိရပါတယ်။ ဒိဗိုင်းရပ်စ်ဟာ တုပ်ကွေးလို လက္ခဏာတွေ ခံစားရသလို ခန္ဓာကိုယ်မှာ အဖုတွေပြည့်နေအောင် ပေါက်လာတတ်တယ်လို့လည်း ဆေးဘက်ဆိုင်ရာက ပြောပါတယ်။
“လူနာ ကိစ္စကို သတ်မှတ်ထားတဲ့ ပရိုတိုကောတွေနဲ့ အညီ စီမံခန့်ခွဲလျက်ရှိပြီး နိုင်ငံထဲမှာ ကူးစက်နိုင်မှုကိုလည်း ခြေရာခံ စမ်းစစ်နေပါတယ်” လို့ ဝန်ကြီးဌာနက ပြောဆိုထားတယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ မျောက်ကျောက်စမ်းသပ်တဲ့ ကိရိယာတချို့
Feature Image Creedit: Hindustan Times



