- ဆန္ဒထုတ်ဖော်မှုကို အိန္ဒိယ- မြန်မာနယ်စပ် အမှတ် ၂ ကုန် သွယ်ရေးတံတားအနီးမှာ ပြုလုပ်ခဲ့
အိန္ဒိယနိုင်ငံအစိုးရက အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံအကြား လွတ် လပ်စွာဖြတ်သန်းသွားလာခွင့် (Free Movement Regime – FMR) ကို ဖျက်သိမ်းပြီးနယ်စပ်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေမှုကို မီဇိုရမ်ပြည် နယ်ရှိ အရပ်ဘက်အဖွဲ့စည်းများက ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုကို မေလ၁၆ရက်က အိန္ဒိယ- မြန်မာနယ် စပ် အမှတ် ၂ ကုန်သွယ်ရေးတံတားအနီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အိန္ဒိယနဲ့မြန်မာ နှစ်နိုင်အကြား လွတ်လပ်စွာဖြတ် သန်းသွား လာခွင့် (Free Movement Regime – FMR)ဆိုတာဟာ အိန္ဒိယ-မြန်မာနယ်စပ် ၁၀ မိုင်အ တွင်း နေထိုင်သူများဟာ ဗီ ဇာမလိုဘဲ နှစ်နိုင်ငံ လွတ် လပ်စွာ ဝင်ထွက်ခွင့် ဖြစ်ပြီး အိန္ဒိယနဲ့မြန်မာနိုင်ငံတို့ဟာ နယ်နိထိစပ်မှုအနေနဲ့ မိုင်(၁၀၂၀)ရှိပြီး မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်း (Nagaland)၊ အရုနာချာ ပရာ့ဒေ့ရှ် (Arunachal Pradesh) ပြည်နယ်တို့ဟာ လွတ်လပ်စွာ နယ် စပ်ဖြတ်သန်းခွင့် ရရှိထားတယ်လို့ သိရပါတယ်။
လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ဖျက်သိမ်းပြီးနယ်စပ်ခြံ စည်းရိုးခတ်ဖို့ စီစဉ်နေမှုကို မီဇိုရမ်အခြေ စိုက် ကူကီး- ချင်း- မီဇိုလူမျိုးစုများ ပြန်လည်ပေါင်း စည်းရေးအတွက်လှုပ်ရှားနေတဲ့ Zo Reunification Organization- ZORO) အဖွဲ့မှ ဦး ဆောင်ပြီး အရပ်ဘက်အဖွဲ့များအပြင် မြန်မာစစ်ရှောင်များနှင့်ရိဒ်ခေါဒါရ်ဒေသခံများပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။



