အိနိ္ဒယအရှေ့ပိုင်းမှာ မီးရထားသုံးစင်းဝင်တိုက် လူပေါင်း ၂၈၈ဦးထက်မနည်းသေဆုံး

အိနိ္ဒယနိုင်ငံအရှေ့ပိုင်း ဩဒိသျှပြည်နယ်ထဲမှာ ဇွန်၂ရက် ညဦးပိုင်းက မီးရထားသုံးစင်းဝင်တိုက်မဖြစ်ပွားခဲ့ပြီး လူပေါင် ၂၈၈ဦးထကမနည်း သေဆုံးခဲ့ရပါတယ်။

ကျယ်လောင်လှတဲ့အသံကြီးပေါ်ထွက်လာပြီး မီးရထားတွဲတွေ လမ်းဘေးချော်ကျပြီး ကျွမ်းထိုးမှောက်ခုံတွေဖြစ်ကုန်ကျတယ်။ နောက်တော့ ကယ်ပါ ယူပါတစာစာအော်ဟစ်တဲ့အသံတွေ ငရဲပွက်သလို ဆူညံနေတယ်။ ကျွန်တော် မှောက်နေတဲ့တွဲထဲကထွက်လာတော့ လက်နဲ့လည်ပင်းနောက်ဖက်မှာ အပူလောင်ဒဏ်ရာရထားတယ်။ လူတယောက် လက်ပြတ်ကြီးနဲ့ အပြင်ကိုတိုးထွက်လာတယ်။ ခြေထောက်ပြတ်နေတဲ့လူတွေ မျက်နှာမှာ စုတ်ပြတ်ပြီး သွေးသံရဲရဲထွက်နေတဲ့လူတွေကိုလည်း တွေ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပြပါတယ်။

ကယ်ဆယ်ရေးသမားတွေ မီးသတ်သမားတွေ အခင်းဖြစ်နေရာကို ချက်ခြင်းသွားရောက်ပြီး မီးရထားတွဲအပျက်အစီးတွေကြားထဲက ဒဏ်ရာရသူတွေကို ကယ်ထုတ်ပေးကြတယ်။ အသက်မဲ့နေတဲ့အလောင်းတွေကိုလည်း ခဲခဲယဉ်းယဉ်းဆွဲထုတ်ယူကြရတယ်။

ဒီမီးရထားမတော်တဆမှုမှာ လူပေါင်း ၂၈၈ဦးထက်မနည်း သေဆုံးပြီး ၉၀၀ဦးလောက်ဒဏ်ရာရရှိတယ်လို့ဩဒိသျှပြည်နယ် အတွင်းရေးမှူးချုပ်က ဇွန်၃ရက်မနက်စောစောပိုင်းမှာ အတည်ပြုတယ်။

ဝန်ကြီးချုပ်နာရင်ဒရာမိုဒီက လူပေါင်းများစွာသေဆုံး ဒဏ်ရာရခဲ့တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတဲ့အကြောင်း ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီမီးရထားမတော်တဆမှုမှာ ခရီသည်တင်အမြန်ရထားနှစ်စင်းနဲ့ ကုန်ရထားတစ်စင်း တိုက်မိကြတာလို့ အိနိ္ဒယ မီးရထားဌာနက သတင်းထုတ်ပြန်တယ်။ ၁၉၈၁ ခုနှစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး မီးရထားမတော်တဆမှုဖြစ်တယ်လို့ သိရတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *