အိနိ္ဒယနိုင်ငံသားတွေနဲ့ရုရှားနိုင်ငံသူတွေကို လူကုန်ကူးမှုကျူးလွန်ခဲ့တဲ့တရုတ်နိုင်ငံသားနှစ်ယောက်ကို ထောင်ဒဏ်တစ်သက် ချမှတ်

အိနိ္ဒယနိုင်ငံသားတွေနဲ့ရုရှားနိုင်ငံသူတွေကို မြန်မာနိုင်ငံအတွင်းမှာ လူကုန်ကူးမှု ကျူးလွန်ခဲ့တဲ့တရုတ်နိုင်ငံသားနှစ်ယောက်ကို မေ ၁၅ ရက်က လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၃၆နဲ့ ရန်ကုန် တိုင်းစစ်ဌာနချုပ် စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်မှာ တရုတ်နိုင်ငံ Guizhou ပြည်နယ်နေ Mr. Zhang Huan Huan (ဂျောင်ဟွမ်ဟွမ်)နဲ့လိပ်စာတူနေသူ အား ဟောက်(ခ) Mr. Fuy တို့ဟာ အိန္ဒိယနိုင်ငံ သား Mr. —၊ ၃၀ နှစ်၊ Mr. –၊ ၂၂ နှစ် နှင့် Mr. —၊ ၂၅ နှစ်တို့ကို မြန်မာနိုင်ငံက Supermarket လုပ်ငန်းတွင် တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀၀ ဖြင့်လည်း ကောင်း၊ ရုရှားနိုင်ငံသူ Ms— ၊ ၃၃ နှစ်နဲ့ Ms—၊ ၂၄ နှစ်တို့ကို Office Management Call Manager လုပ်ငန်းမှာ အမေရိကန် ဒေါ်လာ (၄၀၀၀/၅၀၀၀)ရမယ်လို့ စည်းရုံး ခေါ်ဆောင်ပြီးရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအရှေ့ပိုင်း)မြို့နယ်အတွင်း ရှိ အဆောက်အအုံတစ်ခုမှာအွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းကို လုပ်ကိုင် စေကာ ပြင်ပထွက်ခွင့်မရအောင် ပိတ်လှောင်ထားခြင်း၊ နေရပ်သို့ပြန်ခွင့်မရ အောင်ငွေကြေးနဲ့ ထိန်းချုပ်ခြင်း၊ နိုင်ငံကူး လက်မှတ်များကို သိမ်းဆည်းထားပြီး သတ်မှတ်တဲ့လစာအပြည့် အဝမပေးဘဲ လုပ်အားခများကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၄၀၂/၂၀၃၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၃၆ ဖြင့် အမှုဖွင့်ထားခဲ့ပြီး အခုလို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *