လွန်ခဲ့တဲ့ရက်ပိုင်းက အိနိယနိုင်ငံ မြောက် ပိုင်းဒေသတစ်ဝန်း မိုးသည်းထန်ခဲ့လို့ ဒေလီမြို့တော်မှာ ဆက်လက်ရေကြီး လျက်ရှိတာတွေ့ရတယ်။ ဒီနှစ်မိုကြီးတဲ့ ကိစ္စမပြီးသေးဘူး။ ရက်သတ္တပတ် နှောင်းပိုင်းလောက်အထိ မိုးကရွာဖို့ ကျန်နေသေးတယ်လို့ အိနိ္ဒယမိုးလေဝ သ ဌာနကထုတ်ပြန်ကြေညာထားပါတယ်။ ဒေလီမြို့လယ်ပိုင်းလမ်းမတွေပေါ်အထိတက်လာတဲ့ရေရဲ့အမြင့်ဟာ ကားဘီးတမြုပ်စာလောက်ရှိပြီး ကားတချို့ပလပ်ထဲရေဝင်ပြီး လမ်းမှာ ထိုးရပ်ကုန်ကြတယ်လို့ အငှါး ကားမောင်းသူတွေကပြောပါတယ်။
ယမုံနာမြစ်ထဲမှာ မြစ်ရေက စိုးရိမ်ရေ မှတ်ကိုကျော်နေပြီ။ မြစ်ကမ်းနားမှာနေ ထိုင်သူတွေ မြစ်နဲ့ဝေးတဲ့ကုန်းတွင်းပိုင်းကို မြန်မြန်ပြောင်းရွှေ့ကြဖို့ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ရေကြီး တဲ့တခြားနေရာကလူတွေလည်း ပြောင်း ရွှေ့ကြဖို့ လိုက်လံနှိုးဆော်ခဲ့တယ်။ သ ဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောင်းရွှေ့သူတွေကို ဝိုင်းကူ ပေးခဲ့ကြတယ်။ ဒေလီပြည်နယ်တစ်ဝန်းလုံးမှာ ဒီသဘာဝ ဘေးနဲ့ပတ်သက်ပြီး လူအများဒုက္ခ မ ရောက်စေရအောင် အဖက်ဖက်ကကြိုတင် ပြင်ဆင်ပြီးပြီလို့ ပြည်နယ်ဝန်ကြီးချုပ် အာ ဗင်းကေဂျရီဝေါ်လ်က ထုတ်ဖော်ပြောဆို တယ်။ အဲဒီကြားထဲမှာ ဒီမိုးသည်းထန် ရေကြီးမှုကြောင့် သေတဲ့လူ ၂၀ ဦး ထက် မနည်းရှိနေပြီလို့သိရတယ်။ ဟိမဝန္တာတောင်တန်းဒေသနဲ့ဆက်နေတဲ့ ဟီမချာလ်ပရာဒက်ရှ်နဲ့ ဥတာခန်း ပြည် နယ်တွေမှာ ကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်ရတာမနိုင်တော့လို့ အမျိုးသား သဘာဝဘေးတုန့်ပြန်ရေးအဖွဲ့တွေကို အစိုး ရစစ်သည်တွေကဝင်ကူနေရတယ်။
Ref: BBC