အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့်ရခိုင်ပြည်နယ်တွင် မြို့နယ် ၇ ခုကို အနီရောင်အဆင့် သတ်မှတ်

အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့်ရခိုင်ပြည်နယ်တွင် မြို့နယ် ၇ ခုကို အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကသတိပေးချက် ထုတ်ပြန်လိုက်သည်။

ယင်းမြို့နယ် ၇ ခုမှာ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊မောင်တောမြို့နယ်၊ရသေ့တောင်မြို့နယ်၊မြေပုံမြို့နယ်၊ပေါက်တောမြို့နယ်၊မာန်အောင်မြို့နယ် တို့ဖြစ်ကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မေလ ၁၄ ရက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းဖြတ်သန်းတိုက်ခတ်နိုင်သည့် အခြေအနေ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေများအပေါ်မူတည်၍ အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *