အားပေးစာတွေဖတ်တိုင်း မျက်ရည်ကျရတယ်လို့ ဘုရင်ချားလ်စ်က ထုတ်ပြော

လန်ဒန်၊ မတ် ၁

ကင်ဆာရောဂါခံစားနေရတဲ့ ချားစ်ဘုရင်ဆီကို ပြည်သူတွေက နေ့ညမပြတ် အားပေးစာတွေ ပေးပို့နေ ကြတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဘုရင်ကြီးက “ ဒီစာတွေထဲက အတော်များများက မျက်ရည်ကျစေပါ တယ်” လို ဘတ်ကင်ဟမ် နန်တော်ကနေ မတ်လ ၁ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဘုရင်ကြီးဟာ  သူ့မှာ ကင်ဆာရောဂါ ရနေတယ်ဆိုတာ ဖေဖေါ်ဝါရီလ အစောပိုင်းမှာ ပြည်သူကို အသိပေးပြီး နောက်ပိုင်းကတည်းက ကမ္ဘာတစ်ဝှမ်းက ပေးပို့လာတဲ့  စာနဲ့ ဆုတောင်းကတ်ပေါင်း ၇၀၀၀ ကျော်ကို လက်ခံရခဲ့တယ်လို့  နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

အများစုက ကလေးတွေ ကိုယ်တိုင်ဆွဲထားတဲ့ လက်ဆွဲပုံလေးတွေ ပါဝင်တယ်လို့လည်း သိရသလို တချို့စာတွေက ကံကောင်းစွာ ကင်ဆာလက်က လွတ်လာတဲ့သူတွေရဲ့ အားပေးစာတွေလည်း ပါတယ်လို့ သိရပါတယ်။

ဘုရင်ကြီးကတော့ “ အချိန်ပေးပြီး စာရေးကြသူတိုင်း” ကိုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်းပြော ဆိုခဲ့တယ် လို့ သိရပါတယ်။

အသက် ၇၅ နှစ်အရွယ်ရှိ ဗြိတိန်ဘုရင်ချားစ်ဟာ အမျိုးအမည်မဖော်ပြထားတဲ့  ကင်ဆာရောဂါရှိနေတဲ့အကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကုသမှုခံယူနေခိုက် လူမြင်ကွင်းတာဝန်တွေကနေ နုတ်ထွက်တော့မယ့်အကြောင်း ဘတ်ကင်ဟမ် နန်းတော်က ဖေဖော်ဝါရီ ၆ ရက်မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

ပုံစာချားစ်ဘုရင်ကြီးကို တွေ့ရပုံ

Feature Image Credit:  Max Mumby/Indigo/Getty Images

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *