အာရှအားကစားပြိုင်ပွဲ ဘောလုံးအားကစား အမျိုးသမီး ပွဲမှာ ဂျပန်က ၄-၁ ဂိုးနဲ့ မြောက်ကိုရီးယားကို နိုင်ပြီး ချံပီယံဆု ဆွတ်ခူး

ဟန်ဂျိုး၊ အောက်တိုဘာ ၆

အာရှအားကစားပွဲရဲ့ အမျိုးသမီး ဘောလုံးပွဲစဥ် နောက်ဆုံး ဗိုလ်လုပွဲကို အောက်တိုဘာ ၆ရက်က ဟန်ဂျိုးအားကစား ကွင်းမှာ ကျင်းပခဲ့ရာ ဂျပန်က မြောက်ကိုရီးယားအသင်းကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ရပြီး လေးကြိမ်မြောက် ချံပီယံဆုကို ကာကွယ် သွားနိုင်ခဲ့ပါတယ်။

ပရိသတ်  ၃၆,၁၆၆ လာရောက် ကြည့်ရှု့ခဲ့တဲ့ ဒီပွဲမှာ ဂျပန်အမျိုးသမီးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းဟာ ပွဲစစချင်းအချိန်တော်တော် များများအထိ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဂျပန် အမျိုးသမီး အသင်းရဲ့ ကစားပုံ၊ကစားဟန်နဲ့ နည်းဗျူဟာဆင်လာတာတွေကို ဘယ်လိုမှ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ လေးဂိုး တစ်ဂိုးနဲ့ ဂိုးပြတ် အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

Ref: Reuters/lk

ပုံစာ။ ၂၀၂၃ အာရှ အမျိုးသမီး ဘောလုံးချံပီယံ  ဂျပန်အသင်း

Feature Image Credit: The Star

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *