၂၆ စက်တင်ဘာ၊၂၀၂၃
အာရှအားကစားပြိုင်ပွဲအတွင်း မြန်မာအမျိုးသမီးဘောလုံးအသင်းက ဟောင်ကောင် အသင်းကို(၁)ဂိုး အသာစီးဖြင့် အနိုင်ရရှိခဲ့သည်။
စက်တင်ဘာလ၂၅ ရက်နေ့လယ်ပိုင်း က ယှဉ်ပြိုင်ခဲ့ကြရာ ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း ကစားကြစဉ် မြန်မာအမျိုးသမီးအားကစားသမား မြတ်နိုးခင်က တစ်ဂိုးသွင်း၍ အနိုင်ဂိုးကို ရယူခဲ့ခြင်း ဖြစ်သည်။


မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ကိုရီးယား၊ဖိလစ်ပိုင်၊ဟောင်ကောင်တို့နှင့်အုပ်စုတစ်စုတည်းကျခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာအမျိုးသမီးအသင်းက ကိုရီးယားကိုသုံးဂိုးတစ်ဂိုးရှုံးခဲ့ပြီး ဟောင်ကောင်အသင်းကို တစ်ဂိုးသုညနှင့်အနိုင်ရထားကာလာမည့် စက်တင်ဘာလ၂၈ ရက်တွင် ဖိလစ်ပိုင်နှင့်ဆက်လက်ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
Visited 6 times, 1 visit(s) today