ပေကျင်း၊ ဇန်နဝါရီ ၂၉
အာရှတစ်ဝှမ်းက သန်းနဲ့ချီတဲ့ လူတွေဟာ နဂါးနှစ်ကို နှုတ်ဆက်ကြပြီး မြွေနှစ်ကို ကြိုဆိုတဲ့ ပွဲတော် တစ်နည်း တရုတ်နှစ်သစ်ကူးကို ဗုဒ္ဓဟူးနေ့ (ဇန်န၀ါရီ ၂၉ ရက်)မှာ မိသားစုတွေအတူ ဆင်နွဲနေကြပါတယ်။
တရုတ်လူမျိုးတွေဟာ ၂၀၂၅ခုနှစ် နွေဦးပွဲတော်အတွက် ရှစ်နှစ်ဆက်တိုက် အစိုးရအားလပ်ရက်ရတာတွေ ၊ အစားအသောက်မျှဝေတာတွေ၊ ရိုးရာဖျော်ဖြေပွဲ ကျင်းပတာတွေ စတာနဲ့ မီးရှူးမီးပန်းတွေပါ ပစ်လွှတ်ပြီး ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းက ရထားဘူတာတွေနဲ့ လေဆိပ်တွေမှာ သန်းနဲချီတဲ့ တရုတ်လူမျိုးတွေ ကို တွေ့ကြရပါတယ်။
တောင်ကိုးရီးယား၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့အပါအဝင် အရှေ့နဲ့အရှေ့တောင်အာရှ နေရာအတော်များများမှာလည်း မကောင်းမှုကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြတဲ့ အနီရောင်နဖူးစည်းတွေနဲ့ လမ်းတွေ၊ စျေးဝယ်စင်တာတွေနဲ့ ရုံးခန်းတွေ နေအိမ်တွေကို တန်ဆာ ဆင်ထားတာကို တွေ့မြင်နေကြရပါတယ်။
Ref: Reuters
Feature Image Credit: Jagram Josh



