အာဖရိက ဂါဘွန်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အသက်၆၄နှစ်အရွယ် အာဏာရှင်သမ္မတအလီဘွန်ဂိုကို နေအိမ်အကျယ်ချုပ် ချထား

လိ့ဗရေဗီယယ်(ဂါဘွန်း)၊ ဩဂုတ် ၃၀

မဲ အပြတ်အသတ်နဲ့ တစ်ကျော့ပြန် အနိုင်ရခဲ့တဲ့ သမ္မတ အလီ ဘွန်ဂို ကို ရွေးကောက်ပွဲ ရလဒ်ထွက်ပြီး ချိန်မှာပဲ ဂါဘွန်း စစ်တပ်က  တိုင်းပြည်ကို အာဏာ သိမ်းယူလိုက်ပြီး သမ္မတကိုပါ ဖမ်းဆီးကာ နေအိမ်အကျယ်ချုပ် ချထားလိုက်တယ်လို့ သိရပါတယ်။

အတိုက်အခံပါတီတွေက ရွေးကောက်ပွဲအပေါ် လိမ်လည်မှုနဲ့  တိုင်ကြားတာတွေ ရှိခဲ့ပေမယ့်လည်း သမ္မတဘွန်ဂို ကပဲ  ပြန်အရွေးခံရတယ်လို့  ရွေးကောက်ပွဲ ရလဒ်တွေ ထွက်လာအပြီးမှာတော့ ဂါဘွန်းစစ်တပ်က  အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။

ဂါဘွန်းနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဥ် အကျဥ်းက အရင် သမ္မတဟောင်း ဖြစ်တဲ့ အိုမာ ဘွန်ဂို အွန်ဒင်မာ က နိုင်ငံကို ၄၁ နှစ်ကြာ အုပ်စိုးခဲ့ပြီး ၂၀၀၉ ခုနှစ် မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီလို သက်တော်ရှည် သမ္မတကြီး ကွယ်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာပဲ သား ဖြစ်သူ လက်ရှိ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ သမ္မတ ဘွန်ဂို ကပဲ ၂၀၀၉ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ခုထိတိုင် သူ့ဖခင် လို မျိုး တိုင်းပြည် အာဏာကို ဒီနေ့တိုင် ဆက်လက် ဆုပ်ကိုင်ထားခဲ့တာပါ။

ခုတစ်ကြိမ် ရွေးကောက်ပွဲမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြည်သူတွေက ပြောပါတယ်။

အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ အာဏာရှင် သမ္မတ ပြုတ်ကျသွားလို့ ပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံ နေတယ်လို့ ဆိုပါတယ်။

ဂါဘွန်းနိုင်ငံဟာ အာဖရိကရဲ့ အလယ်ဗဟို ကမ်းရိုးတန်းဒေသမှာ တည်ရှိကာ လူဦးရေ ၂ဒသမ ၄သန်းဝန်ကျင် နေထိုင်နေကြပြီး နိုင်ငံ အကျယ်အဝန်းက  ၂၆၇၆၆၈ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ ပြင်သစ်ကိုလိုနီ နိုင်ငံငယ် တစ်ခု ဖြစ်ခဲ့ပြီး ကိုးကွယ် ယုံကြည်မှုအနေနဲ့ ခရစ်ယာန်ဘာသာဝင်က ၇၅ ရာခိုင်နူန်းကျော် ရှိပါတယ်။

Ref:BBC

ပုံစာအညွှန်းအာဏာရှင်သမ္မတ ပြုတ်ကျသွားလို့ အောင်ပွဲ ခံနေတဲ့ ဂါဘွန်း ပြည်သူများ

Feature Image Credit: Reuters

Leave a Reply

Your email address will not be published. Required fields are marked *