
Photo Credit: KABULNOW
အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၈
အာဖဂန်နစ္စတန်မှာ ရေပန်းအစားဆုံး အမျိုးသားဥယျာဉ်ကို အမျိုးသမီးတွေ လာရောက်လည်ပတ်တာကို ခွင့်မပြုနိုင်ဘူးလို့ တာလီဘန်တွေက အမိန်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အမျိုးသမီးတွေကို တားဆီး ဖို့အတွက် တာလီဘန်တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောရေးဆို ခွင့်ရှိသူ တစ်ဦးကနေတစ်ဆင့် သိရပါတယ်။
အလယ်ပိုင်း ဘာမီယန်ပြည်နယ်က Band-e-Amir လို့ခေါ်တဲ့ အမျိုးသားဥယျဥ် ကို သွားတဲ့အခါ အမျိုးသမီးတွေ ဟာ ဟီဂျဘ်ဝတ်ဖို့ ဒါမှမဟုတ် အစ္စလမ္မစ်ဦးခေါင်းပဝါကို ဝတ်ဖို့ မလိုက်နာကြ ဘူးလို့ ဝန်ကြီးဌာနက စွပ်စွဲထား ပါတယ်။
ဝန်ကြီး မိုဟာမက် ခါလစ် ဟာနာဖီ ဘာမီယန် ပြည်နယ်ကို သွားရောက်လည်ပတ်ပြီး တစ်ပတ်အကြာမှာ အမျိုးသမီး တွေ ဟာ ဟီဂျပ်ဝတ်ဆင်ရမယ့် မှန်ကန်တဲ့နည်းလမ်းကို မလိုက်နာကြဘူး ဆိုပြီး တာဝန်ရှိသူတွေနဲ့ ဘာသာရေးဆရာတွေကို ပြောလိုက်ပြီးတဲ့နောက်မှာတော့ အမျိုးသမီးတွေကို တားဆီးဖို့ ကိစ္စ အခုလို ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
တစ်ချိန်ကတော့ ဝန်ကြီး မိုဟာမက် ခါလစ် ကိုယ်တိုင် “အလည်အပတ်သွားခြင်းက အမျိုးသမီးတွေအတွက် မရှိမဖြစ်လို အပ်ပါတယ်” ဆိုပြီးလည်း ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးအမိန့်ကို အကောင်အထည်ဖော်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေ၊ ဘာသာရေး ဆရာ တွေနဲ့ သက်ကြီးရွယ်အိုတွေကို အသုံးပြုတာ အပါအဝင် ဝန်ကြီး သဘောထားကို အကောင် အထည်ဖော်ဖို့ ပြင်ဆင် နေတယ်လို့လည်း သိရပါတယ်။
“ပညာရေး၊ အလုပ်အကိုင်နဲ့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို မကျေနပ်ဘဲ တာလီဘန်တွေက Band-e-Amir ကို အမျိုးသမီးတွေ လာရောက်လည်ပတ်ခွင့် ပိတ်ပင် တယ်၊ အခုနောက်ဆုံးတွေ့နေရတဲ့ အတိုင်းပဲ တာလီဘန်တွေက သူတို့ဆီက ပန်းခြံတွေ၊ အားကစားကွင်းတွေကို သိမ်းယူ ချင်နေပြီ၊” လို့ Human Rights Watch ရဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ တွဲဖက်ဒါရိုက်တာ ဟီသာ ဘား က ကြေညာချက်ထုတ် ပြောဆို ဝေဖန်လိုက်ပါ တယ်။“အိမ်တိုင်းက အကျဉ်းထောင် ဖြစ်သွားတဲ့အတွက် အမျိုးသမီး တွေကို နံရံတွေက ပိတ်ဆို့နေတယ်” လို့လည်း ပြောပါ တယ်။
ပြီးခဲ့တဲ့၂၀၂၂ နိုဝင်ဘာလကစပြီး တာလီဘန်ဦးဆောင်တဲ့အစိုးရဟာအမျိုးသမီးတွေအနေနဲ့ ပန်းခြံတွေအပါအဝင် အများ ပြည် သူ သုံးနေရာတွေကို အသုံးပြုတာမျိုးကို တားမြစ်ပိတ်ပင် ခဲ့ပြီး လည်း ဖြစ်ပါတယ်။
ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်မှာ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေဆုတ်ခွာပြီးနောက် နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက် ပြီး ကတည်း က အာဖဂန်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားကာ ကန့်သတ်ချက်တွေ အများအပြား ချမှတ် ခဲ့ ပြီး၊ မိန်းကလေးတွေကို ဆဋ္ဌမတန်းထက်ကျော်လွန်ပြီး ပညာသင်ခွင့်မပေးတာ အပါအဝင် အာဖဂန်အမျိုးသမီးတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပါ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ လည်ပတ်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ အမျိုးသားဥယျဥ်ကို ၂၀၀၉ ခုနှစ်က စဖွင့်ခဲ့တာဖြစ်ပြီး ဧည်သည်တွေကို ဆွဲဆောင်တဲ့ စည်ကားရာနေရာတစ်နေရာ ဖြစ်ပြီး နှစ်စဥ် ထောင်ချီတဲ့ ဧည်သည်တွေ လာလည်ပတ်လေ့ရှိတယ်လို့ ဆိုပါ တယ်။အဲ့ဒီမှာ စားသောက်ဆိုင် ၊ဟိုတယ်နဲ့ လက်မှုပစ္စည်းရောင်းချတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
Ref: AP
Feature Imagr Credit:BBC