အာဖဂန်နစ္စတန်မှာ ရေကြီးရေလျှံ အနည်းဆုံး လူ ၃၀၀ ထက်မနည်း သေ

ဘန်ဂလန်၊ မေ ၁၂

အာဖဂန်နစ္စတန် နိုင်ငံက မြောက်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ရေကြီးရေလျှံတာတွေ ဆက်တိုက်ဖြစ်ခဲ့လို့ ဒေသခံတွေ ရာနဲ့ချီ သေကျေခဲ့ရတယ်လို့ ကုလသမဂ္ဂ အဖွဲ့ WFP ( Word Food Program ) က သတင်းထုတ်ပြန်ပါတယ်။

ဘက်ခါရှနီ နဲ့ဟတ်  ပြည်နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပြီး  အိမ်ခြေ ၂၀၀၀ နီးပါး ပျက်စီးခဲ့တဲ့ အကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီ (IOM) ရဲ့ ဆက်သွယ်ရေး အရာရှိ တစ်ယောက် က မေ ၁၁ မှာ ကြေညာချက်ထုတ်ပြန်ခဲပါတယ်။

” ရုတ်တရက် ရေကြီးမှုက အာဖဂန်နစ္စတန်ကို ဖျက်ဆီးခဲ့ပြီး ဘန်ဂဘန် က လူ ၃၀၀ ကျော် သေဆုံးကာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့  WFP က  X မှာ ရေးတင်ခဲ့ပါတယ်။

ပြည်နယ်ခုနစ်ခု ရေလွှမ်းမိုးမှုအပေါ် အရေးပေါ်တုံ့ပြန်ဖို့ ပြင်ဆင်နေတဲ့  နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) က လူထောင်ပေါင်းများစွာကတော့  အရေးပေါ်အကူအညီတွေ မရသေးဘဲ ဒုက္ခရောက်နေဆဲပါလို့ ပြောဆိုနေတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ ရေပြန်ကျပြီး မြင်ရတဲ့ မြင်ကွင်း တစ်ခု

Feature Image Credit: Mehrab Ibrahimi/AP

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *