ဝါရှင်တန်၊ ဩဂုတ် ၂၃
တာလီဘန်တိုက်ခိုက်ရေးသမားတွေ အာဖဂန်နစ္စတန်မှာ ၂၀၂၁မှာအာဏာရလာပြီးနောက် ရာနဲ့ချီတဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆို လိုက်ပါတယ်။
အာဖဂန်နစ္စတန်မှာ ရုံးစိုက်တဲ့ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင် (UNAMA)ရဲ့ ဩဂုတ်လ ၂၂ရက် အင်္ဂါနေ့က ထုတ်ပြန် တဲ့ အစီရင်ခံစာထဲမှာ စွဲချက်တင်ထားတဲ့ ပြစ်မှုပေါင်း ၈၀၀ကျော် ပါဝင်တဲ့အထဲက တရားလက်လွတ်သတ်ဖြတ်မှု ၂၁၈ ခု ထက်မနည်းကို ထည့်သွင်းရေတွက်ခဲ့ပြီး တင်သွင်းခဲ့တဲ့ ပစ်မှု ၈၀၀ကျော်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ် စက်မှု စတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အာဖဂန်အမျိုးသားတပ်မတော်၊ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ အမျိုးသားလုံခြုံရေးညွှန်ကြားမှုဦးစီးဌာန အရာရှိ တွေဟာ ပစ်မှတ်အထားခံရဆုံးသူတွေ အထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
“တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်ပြီးကတည်းက အာဖဂန်နစ္စတန်အစိုးရဟောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပြုမူဆက်ဆံပုံကို ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့ အစီရင်ခံစာပါ” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လကာ တပ်က် က ပြောပါတယ်။။ “ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်တာပဲ”လို့လည်း ပြောပါတယ်။
တာလီဘန်တွေဟာ အစပိုင်းမှာတော့ သဘောထားပျော့ပြောင်ဟန်တွေ ပြခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံသားတွေကို ပြင်းပြင်း ထန်ထန် နှိပ်ကွပ်ခဲ့သလို အမျိုးသမီးတွေ တက္ကသိုလ်တက်ခွင့်ကို ပိတ်ပင် လိုက်ပါတယ်။
ဒါတင်မက မိန်းကလေး အလယ်တန်းကျောင်းတွေကို ပိတ်ပစ်ပြီး အမျိုးသမီးတွေကို ပစ်မှတ်ထားခဲ့ပြန်တယ်လို့ ဆိုပါတယ်။ အာဖဂန်နစ္စတန်အမျိုးသမီးတွေကို ကုလသမဂ္ဂအပါအဝင် NGO တွေမှာအလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ထားပြီး အမျိုးသား အဖော် မပါဘဲ ခရီးသွားခြင်းကိုလည်း တားမြစ်ထားပြန်ပါတယ်။ ပန်းခြံတွေ၊ ဂျင်အားကစားခန်းတွေအပါအဝင် အများသူ ငှာ နဲ့ဆိုင်တဲ့ နေရာတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်က စည်းမျဉ်းသစ်တွေက အမျိုးသမီးတွေဘဝကိုဘဝကို ပိုပြီးပိုပြီး ရက်ရက်စက်စက် ဖိနှိပ်လာနေတယ်လို့လည်း CNN နဲ့ တွေဆုံခဲ့ရတဲ့ အာဖဂန်အမျိုးသမီးတွေက ထပ်တူပြောဆို ခဲ့တယ်လို့လည်း သိရပါ တယ်။
Ref:CNN
Feature Image Credit: AP