အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားက ဦးဆောင်ပြီး မြန်မာ့အရေး ဆွေးနွေး

တွေ့ဆုံဆွေးနွေးခြင်းတွေကနေ အဖြေရှာဖို့ မျှော်လင့်ကြောင်းပြောဆို

ဂျာကာတာ။ နိုဝင်ဘာ ၂၅

လက်ရှိအာဆီယံ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ( (5 Points Consensus -5PC) ကို အကောင်အထည်ပေါ်လာဖို့ အတွက် ဆွေးနွေးပွဲတွေကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ရက်နေ့အထိ သုံးရက်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံခြားရေးဒုဝန်ကြီး အပါအဝင် လာမယ့် ၂၀၂၄ခုနှစ်မှာ အလှည့်ကျ အာဆီယံဥက္ကဌ ဖြစ်လာတော့မယ့် လာအိုနိုင်ငံရဲ့ ကိုယ်စားလှယ်ဖြစ်သူတို့ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် အစည်းဝေးကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲတွေအပါအဝင် မြန်မာနိုင်ငံက စစ်အစိုးရနဲ့ ရင်ဆိုင်နေကြတဲ့ အဖွဲ့တချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ အင်ဒိုနီးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လက်ရှိ မြန်မာ့အကျပ်အတည်းတွေဟာ တွေဆုံဆွေး နွေးခြင်း နဲ့သာ ထိရောက်မြန်ဆန်တဲ့ အကျိုးရလဒ်ရနိုင်မယ်ဆိုတဲ့ သဘောတရားကို ထုတ်နုတ်ဆွေးနွေးခဲ့သလို NUG အပါအဝင် မြန်မာအရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံဆွေးနွေးနိုင်ဖို့ကို ဒီအစည်းဝေးပွဲတွေက ရည်ရွယ်တယ်လို့လည်း ထုတ်ပြန် ပြောဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

Ref: Reuters

ပုံစာ။ အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး နဲ့  နိုင်ငံတကာကြက်ခြေနီအဖွဲ့ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့ တို့ နယူးယောက်မြို့မှာ တွေဆုံပြီး မြန်မာနိုင်ငံအရေးတချိုဆွေးနွေးနေစဥ် ( စက်တင်ဘာ ၂၂၊ ၂၀၂၃) / Source: Ministry of Foreign Affairs of the Republic Of Indonesia

Feature Image Credit: MOFA( Indonesia)

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *