ဂျာကာတာ၊ စက်တင်ဘာ ၆
၂၀၂၃ ခုနှစ် စက်တင်ဘာလ (၅)ရက်ကနေ့ (၇)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ (၄၃)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကနေ လာမယ့် ၂၀၂၆ခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ တာဝန်ယူရမယ့် အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးကို ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ကြေငြာ လိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ဖို့ အရေး ဒေသတွင်းနိုင်ငံတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြန်သုံးသပ်မှု ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျကာတာဟာ အခုသီတင်းပတ်မှာ (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ တွေကို အိမ်ရှင် အဖြစ် လက်ခံကျင်းပလျက်ရှိနေပြီး အခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတဲံ ကာလမှာ အဖွဲ့အစည်းရဲ့ အထွတ်အထိပ်ဆုံးသော အကျပ်အတည်းဟာ မြန်မာနိုင်ငံရေး အကျပ်အတည်းသာ ဖြစ်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ စစ်တပ်ရဲ့ အကျပ်အတည်း က အာဆီယံအတွက်လည်း အကျပ်အတည်းတစ်ခု အဖြစ်ဆက်လက်တည်ရှိနေသေးတယ်လို အာဆီယံဘက်က ဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: Tha Jakata Post
Photo Credit : Xinhwa