
Photo Credit: Twitter
လော့စ် အိန်ဂျလိ့စ်၊ ဇန်နဝါရီ ၂၁
၁၉၆၉ခုနှစ်မှာ အပိုလို(၁၁) အာကာသယာဥ်နဲ့ လပေါ် ကို ပထမဆုံးဆင်းသက်နိုင်ခဲ့သူ၊ တစ်ဖွဲတည်းက အာကာသ ယာဥ်မှုး နေးလ် အမ်းစထရောင်း အပြီး ဒုတိယမြောက်လပေါ်ကို ခြေချနိုင်ခဲ့တဲ့ ဒုတိယမြောက်လူသား လည်း ဖြစ်တဲ့ အာကာသယာဥ်မှုး ဘတ်စ် အော်လဒွင် တစ်ယောက် သူ့ရဲ့ ကာလကြာ လက်တွဲဖော် ချစ်သူ အသက် ၆၃နှစ်အရွယ်ရှိသူ ဒေါက်တာ အန်ကာ ဖာအာနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ လေ့ာစ် အိန်ဂျလိ့စ်မြို့ မှာ လက်ထပ်လိုက်ပါတယ်။
အော်လဒွင်က သူ့ရဲ့ မင်္ဂလာပွဲကို တွစ်တာမှာ တင်ပြီး လူတွေကို အသိပေးခဲ့ တာလည်းဖြစ်ပါတယ်။
အဲ့ဒိ တွစ်တာမှာ “ကျနော့်ရဲ့ ၉၃ နှစ်မြောက် မွေးနေ့ နေ့ရက်မှာ ကျနော့်ကို Living Legends of Aviation က ဂုဏ်ပြုကြမှာ ဖြစ်ပြီး တစ်ချိန်တည်း ကျနော့်ရဲ့ နှစ်ရှည်လများ ချစ်မြတ်နိုးခဲ့ရတဲ့ ဒေါက်တာ အန်ကာ ဖာအာနဲ့လည်း လက်ထပ်လိုက်ပြီ ဆိုတဲ့အကြောင်း အားလုံးကို ကြေငြာပါတယ်။” ဆိုပြီး အော်လဒွင်က ရေးထား’ပါတယ်။
အလားတူပဲ အန်ကာ ကလည်း “ကျွန်မတို့ လော့စ် အိန်ဂျလိ့စ် မှာရှိတဲ့ သီးသန့်အခမ်းအနားလေးတစ်ခုမှာ ထိမ်းမြား လက်ထပ် ခဲ့ပါပြီ… ဆယ်ကျော်သက်တွေလို စိတ်လှုပ်ရှားနေကြပါတယ်။” လို့ ရေးထားပြီး သူတို့ စုံတွဲ ပုံကိုလည်း တင်ထားပါတယ်။
၁၉၆၉ ခုနှစ် ဇူလိုင်လမှာ မစ်ရှင်မှူး အမ်းစထရောင်း၊ အာကာသယာဥ်မှူး ဘတ်စ် အော်လဒွင်၊ နဲ့ ယာဥ်ကွပ်ကဲမှု အပိုင်း လေယာဉ်မှူး မိုက်ကယ် ကောလင်း တို့ အဖွဲသားသုံးဦးဟာမိုင်ပေါင်း ၂၅၀၀၀၀ နီးပါး ခရီးကွာဝေးတဲ့ လကမ္ဘာ ဆီ အပိုလို (၁၁) အာကာသယာဥ်နဲ့ လေးရက်ကြာ ပျံသန်းအပြီး ကမ္ဘာပေါ်က လူသားတွေရဲ့ ပထမဆုံး လကမ္ဘာ ခရီးစဥ်ကို အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်ခဲ့ကြပါတယ်။
ဒီလိုနဲ့ နေးလ် အမ်းစထရောင်း နဲ့ အော်လဒွင်တိုဟာ လပေါ်လမ်းလျှောက်ခဲ့တဲ့ ပထမဆုံးသော လူသားတွေ ဖြစ်ခဲ့ ပါတယ်။
အမ်းစထရောင်းက လမျက်နှာပြင်ပေါ်မှာ နှစ်နာရီနဲ့ ၃၂ မိနစ်ကြာ နေခဲ့ရပြီး သူ့နောက် ကပ်ရက်လိုက်တဲ့ အော်လ ဒွင်က ၁၅ မိနစ်လောက်လျော့နည်းပါတယ်။ သူတို့ဟာ ရေဒီယိုက တစ်ဆင့် သမ္မတ ရစ်ချတ် နစ်ဆင် နဲ့လည်း စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။

photo credit:. Jeff Gritchen, Orange County Register/SCNG
ဒေါက်တာ အန်ကာ ဖာအာ ကို ၁၉၅၉ခု မေလမှာ မွေးဖွား ခဲ့ပြီးအမေရိကန်နိုင်ငံ ပန်ဆယ်လ်ဗေးနီးယားက University of Pittsburgh ကနေ Ph.D ဘွဲ့ရခဲ့ပါတယ်။ ။ ၁၉၉၆ ခုနှစ်မှာ Chemical Engineering and Catalysis မှာ သုံးနှစ်ကြာအလုပ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ Buzz Aldrin Ventures LLC အာကာသသိပ္ပံမှာ ဒုတိယအမှု ဆောင်ဥက္ကဌ ရာထူးနဲ့ ၂၀၁၉ခုနှစ်ကစ ဒီနေ့တိုင် လုပ်ကိုင်နေပါတယ်။ အန်ကာ အာဖာဟာ သူ့ရဲ့ မွေးချင်းတွေနဲ့ မိဘတွေ အကြောင်းကိုထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
Ref: CNN