အသစ်ပေါ်ထွန်းလာတဲ့ သရက်ဒ်စ် လူမှုကွန် ရက်ကို တွစ်တာကတရားစွဲမယ်လို့ စာရေး ပြီးပေးပို့

ဇူလိုင်(၅)ရက်က အင်တာနက်ထဲကို လွှင့် တင်လိုက်တဲ့ သရက်ဒ်စ်လူမှုကွန်ရက်ထဲကို ဝင်လာတဲ့လူပေါင်းသန်း(၃၀)ကျော်တောင်ရှိသွားပြီ။
မာ့ခ်ဇူကာဘာ့ဂ်က သူဖြစ်ချင်တာကို အပီ အပြင်ကြိုတင်ပြင်ဆင်ပြီး လုပ်ချပြလိုက် တာ အီလွန်မတ်စ်ရဲ့တွစ်တာဖက်ကတုန်လှုပ် သွားပုံရတယ်။တွစ်တာကုမ္ပဏီရဲ့ ရှေ့နေ အဲ လက်စ်စပီရိုက မယ်တာကုမ္ပဏီ အမှုဆောင် အရာရှိချုပ်မာ့ခ်ဇူကာဘာ့ဂ်ထံကို ဇူလိုင် (၆)ရက်မှာစာတစ်စောင်ရေးပို့လိုက်တယ်။

မယ်တာဖက်က မိမိသဘောဆနအလျောက်တွစ်တာရဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေနဲ့ အခြားသောအသိဉာဏ်ဆိုင်ရာမူပိုင်ခွင့်တွေကို အစီအစဉ်တကျ အလွဲသုံးစားပြုလုပ်မှု ကျူးလွန်ရာရောက်နေတယ်လို့ အဲဒီစာမှာ ရေးသားထားကြောင်း အမေရိကန် သတင်း မီဒီယာတွေမှာပေါက်ကြားသွားတယ်။

တွစ်တာကုမ္ပဏီက ဝန်ထမ်းဟောင်းတွေကို ခန့်ထားပြီး ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ နဲ့ အခြားထိပ်တန်းလျှို့ဝှက်ချက်တွေကို မ ရိုးဖြောင့်စွာရယူခဲ့တယ်လို့ ရှေ့နေစပီရိုက စွပ်စွဲခဲ့တယ်။

သရက်ဒ်စ်အင်ဂျင်နီယာအဖွဲ့ထဲမှာဘယ်တွစ် တာဝန်ထမ်းဟောင်းတစ်ယောက်မှမပါဘူးလို့ သရက်ဒ်စ်လူမှုကွန်ရက်စာသားထဲမှာ မယ်တာကုမဏီပြောခွင့်ရသူ အန်ဒီစတုန်းက တုန်ပြန်ထားတယ်။

ပြိုင်ဆိုင်တာကောင်းပါတယ်။ ညစ်တာတော့ မကောင်းဘူးလို့ တွစ်တာကုမဏီပိုင်ရှင် အီ လွန်မတ်စ်က တွစ်တာမှာ စာရေးသားလွှင့် တင်ပြီး အသိပေးထားတယ်။
Ref: Aljazeera, CNN

Leave a Reply

Your email address will not be published. Required fields are marked *