ဇွန်၂၇ရက်ကပြင်သစ်နိုင်ငံပဲရစ်မြို့ တော် နဲ့ဆက်နေတဲ့ နန်တာရေမြို့မှာ နာ ဟဲလ်အမ်လို့အမည်ရတဲ့ အသက် ၁၇ နှစ်အရွယ်အမျိုးသားတစ်ဦး ကားတစ် စင်းကို ငှါးပြီးမောင်းလာတဲ့အချိန် ရဲက ကားကိုတားတယ်။ သူကရပ်မပေးလို့ ရဲက သေနတ်နဲ့ပစ်လိုက်တာ သူ့ကိုလည်း သေ လောက်တဲ့နေရာ ထိမယ်လို့ ထင်ရတယ်။ ကားလည်းမှောက်သွားပြီး နာဟဲလ်အမ် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ရတယ်။
လက်နက်ကိုင်ထားတဲ့ရဲက လက်နက်မဲ့သူ အပြစ်မဲ့သူတစ်ဦးကို သေနတ်နဲ့ပစ်သတ် တာလွန်လွန်းတယ်ဆိုပြီး အခင်းဖြစ်တဲ့ နေ့ကတည်းက မကျေနပ်သူတွေရာနဲ့ချီ စုဝေးပြီး ဆူပူဆန္ဒပြခဲ့တယ်။ ဇွန် ၂၈ မှာ မကျေနပ်တဲ့လူအင်အားပိုများလာပြီး နန် တာရေမြို့ကနေ ပဲရစ်မြို့တော်ဆင်ခြေဖုံးရပ် ကွက်တွေဖက်အထိသာမက လီလဲနဲ့ မာ ဆေးမြို့တွေဖက်အထိ ကားမီးရှို့ တာတွေ အပါအဝင် အဖျက်လုပ်ရပ်တွေ လုပ်လာ ခဲ့ကြတယ်။
ရဲတွေဖက်က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့လို့ ရဲကို ဆန္ဒပြသူတွေက ရန်ပြုတိုက်ခိုက်တာ တွေလည်းရှိခဲ့တယ်။ ဆန္ဒပြသူတွေကို ၂၀၀ကျော်လောက်အထိဖမ်းဆီးဖို့ ကြိုးစား ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၇၀ဦးဒဏ်ရာရခဲ့ တယ်။
နန်တာရေမြို့မှာ သေနတ်နဲ့ပစ်ခံရပြီး သေ ဆုံးခဲ့ရတဲ့ နာဟဲလ်အမ်ရဲ့ အမေက ဦး ဆောင်ပြီးချီတက်ဆန္ဒပြတာဖြစ်လို့ မကျေ နပ်သူတွေပိုပြီးအုံကြွခဲ့တာလို့ဆိုပါတယ်။
ရဲတပ်ဖွဲ့ကိုရော ကျင့်သုံးတဲ့စနစ်ကိုရော အပြစ်မတင်လိုပါဘူး။ ကျွန်မရဲ့သားကို သတ်တဲ့ရဲကိုတော့ အရေးယူပေးစေချင် တယ်လို့ သူ့အမေကတောင်းဆိုခဲ့ပါတယ်။
အသက်၁၇နှစ်သားလေးကိုသတ်လို့ မ ကျေမနပ်ဖြစ်ကြတာ နားလည်ပေးလို့ရ တယ်။ ဖျက်လိုဖျက်ဆီး ဆူပူအုံကြွကြ တာတွေကိုတော့ ရှုတ်ချမှဖြစ်မယ်လို့ ပြင်သစ် ဝန်ကြီးချုပ် အယ်လီဇဘက် ဘွန်းက ပြောတယ်။
Ref: BBC