အသက်ရှင်ရတာ ကံကောင်းခြင်းတစ်ပါး လို့ အဆိုတော် မက်ဒေါနားကပြောဆို

၂၀၂၃ ဖေဖေါ်ဝါရီ က ကျင်းပတဲ့ ၆၅ကြိမ်မြောက်ဂရမ်မီဆုပေးပွဲမှာ တွေ့ရတဲ့မက်ဒေါနား
Photo Credit: Frazer Harrison/Getty Images

နယူးယော့ခ်၊ ဇူလိုင် ၃၁

ဂရမ်မီဆုရှင် အဆိုတော် မက်ဒေါနား တစ်ယောက် ဘက်တီးရီးယားပိုးကူးစက်ခံရပြီး ဆေးရုံအရေးပေါ်အခန်း ICU မှာ တစ်လကြာအောင် နေခဲ့ရအပြီး လောကမှာ အသက်ရှင်နေရတာ အရမ်းကို ကံကောင်းတယ် ဆိုတာ သိသွားပြီလို့ ဆိုလာပါတယ်။

“မိသားစုနဲ့ သူငယ်ချင်းတွေဆီက ချစ်ခြင်းမေတ္တာက အကောင်းဆုံးဆေးပါပဲ” လို့ လည်း မက်ဒေါနားက အင်စတာဂရမ်မှာ သူ့ကလေး နှစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ပြီးတင်ထားပါတယ်။

အရင်က မမြင်ဖူးတဲ့မကြုံဘူးတာတွေ သိခဲ့ရတယ်။ ခုတော့ အားလုံးက ခြားနားချက်တွေ ရှိတာ မြင်သွားပါပြီ  ဆိုပြီးလည်း ရေးတင်ထားပါသေးတယ်၊

အခုတော့ မက်ဒေါနားဟာ သူ့ရဲ့ နိုင်ငံတကာ “Celebration” ဆိုတဲ့ ဖျော်ဖြေရေးခရီးစဉ်ကို အောက်တိုဘာလထဲမှာ  ပြန်စဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

“ငါ့ကိုကာကွယ်ပေးပြီး ငါ့အလုပ်ကို ပြီးအောင်နေခွင့်ပေးတဲ့ ငါ့ကောင်းကင်တမန်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ တနင်္ဂနွေနေ့က သူရဲ့ အင်စတာဂရမ်မှာရေးခဲ့ပါတယ်။

အဆိုတော်၊တေးထုတ်လုပ်သူ၊အကပညာရှင်၊ သရုပ်ဆောင် မက်ဒေါနားကို ၁၉၅၈ ဩဂုတ်လ ၁၆ရက် က အမေရိကန်နိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။

၁၉၇၉ခုနှစ် အရောက်မှာတော့ ဂီတလောကကို စဝင်ခဲ့ပါတယ်။ အိမ်ထောင် နှစ်ဆက်ကျခဲ့ပြီး သားသမီးအရင်းရော မွေးစားသာသမီးတွေ အပါအဝင် ခြောက်ယောက်ရှိပါတယ်။

ဂရမ်မီဆု အပါအဝင် ဂီတဆုတွေ တစ်ရာကျော် ချီးမြှင့် ခံထားရသူလည်း ဖြစ်ပါတယ်။

Ref: CNN

FEATURE IMAGE PHOTOCREDIT: EW.COM

PHOTO CREDIT: EW.COM

Leave a Reply

Your email address will not be published. Required fields are marked *