စင်္ကာပူ၊ စက်တင်ဘာ ၁၉
ရိုက်နှက်ရင်း လက်လွန်သေဆုံးသွားတဲ့ နှစ်နှစ်အရွယ် သမီးလေးရဲ့ အလောင်းကို သတ္တုအိုးထဲထည့် မီးရှို့ပြီး မီးဖိုချောင် ကမီးဖိုအောက် သေတ္တာထဲမှာ ငါးနှစ်ကျော်ဖွက်ထားခဲ့တဲ့ ဖခင်ဖြစ်သူကို စင်္ကာပူတရားရုံးက စက်တင်ဘာ ၁၉ရက်နေ့မှာ ထောင်ဒဏ် ၂၁နှစ်နဲ့ ကြိမ်ဒဏ် ၁၈ချက် စီရင်ချက် ချလိုက်တယ်လို့ သိရပါတယ်။
ပစ်မှုကျူးလွန်သူဟာ အသက် ၃၅နှစ်အရွယ် စင်္ကာပူနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဒီအမှုမှာ သူ့ဇနီးဖြစ်သူလည်း ပါဝင်ပတ် သက်နေတယ်ဆိုတဲ့ သံသယ အကျိုးဆက်ကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ သိရပါတယ်။ တရားခံနဲ့ ဇနီးဖြစ်သူ ဟာ ငယ်လင်ငယ်မယားမဟုတ်ဘဲ့ ဇနီးဖြစ်သူမှာ ပထမအိမ်ထောင်နဲ့ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်လို့လည်း သိရပါတယ်။
တရားခံ ဖြစ်သူဟာ မူးယစ်ဆေးဝါးဖြတ် ထိန်းသိမ်းရေးစခန်းမှာ ၂၀၁၁ ဝန်းကျင်က နေခဲ့ရဖူးတယ်လို့လည်း ဆိုပါတယ်။
သေဆုံးခဲ့ရတဲ့ ကလေးငယ်ဟာ မိဘတွေ မစောင့်ရှောက်နိုင်ဖူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးဂေဟာမှာ နှစ်ပေါက် အောင် နေခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒီနောက် ကလေးက အိမ်ပြန်ရောက်ခဲ့ပေမယ့် မိဘတွေနဲ့ မရင်းနှီးတာကြောင့် ခဏခဏငိုတယ်လို့ တရားလိုဘက်က ပြောပါတယ်။
ဖခင်ဖြစ်သူက ကလေးငယ် ကို ခါးပတ် ဒါမှမဟုတ် ကြိုးကွင်းလိုမျိုး ပစ္စည်းတွေနဲ့ ရိုက်ပြီး ပေါင်ကို လက်နဲ့ လည်း အနာ တရ ဖြစ်အောင်ထိုးခဲ့တယ် ဆိုတဲ့ ထွက်ချက်တွေကို ကြားနာပြီးတဲ့နောက်မှာတော့ အခုလို့ ကြီးမားတဲ့ ပစ်ဒဏ် ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref: CNA/ll(gs)
ပုံစာအညွှန်း။ အမှုကို ကြားနာခဲ့တဲ့ စင်္ကာပူ ဗဟိုတရားရုံးချုပ်
Feature Image Credit: CNA/Syamil Sapari