ဟောင်ကောင်၊ ဩဂုတ် ၁၆
ဟောင်ကောင်က အသက် ၁၉နှစ်အရွယ် ရင်ရင်လို့ ခေါ်တဲ့ ပန်ဒါမကြီးကနေ အမွှာသားပေါက်လေး နှစ်ကောင် ဩဂုတ် ၁၅ရက်နေက မွေးခဲ့တယ်လို့ သိရပါတယ်။
ဒီလို့ရှားရှားပါးပါးကြုံရခဲတဲ့ အဖြစ်အပျက်အတွက် ဟောင်ကောင်က တိရစ္ဆာန်ချစ်သူတွေ ပျော်ရွှင်နေကြပြီး ပျော်ပွဲရွှင်ပွဲတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။
အသက်အကြီးဆုံးပန်ဒါ တစ်ကောင်အနေနဲ့ မှတ်တမ်းဝင်ထားတဲ့ အပြင် အခုလို ရှားရှားပါးပါး အမွှာလေးနှစ်ကောင်ပါပေါက်ခဲတော့ ဝမ်သာမဆုံး ဖြစ်ရတယ်လို့ တိရစ္ဆာန်ချစ်သူ တစ်ယောက်ကပြောပါတယ်။
ရင်ရင်ဟာ သူအသက် ၁၉နှစ်ပြည့် မွေးနေ့မတိုင်မီ တစ်ရက်အလို ဩဂုတ် ၁၅ရက် ကြာသပတေးနေ့မှာ သားပေါက်ခဲ့တာ ဖြစ်ပါတယ်။ ပန်ဒါတစ်ကောင်ရဲ့ အသက် ၁၉နှစ်က လူ့အသက် ၅၇နှစ်နဲ့ ညီမျှတယ်လို့လည်း သိရပါတယ်။
ရင်ရင်ကို ၂၀၀၇ခုနှစ်က ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ ဘေကျင်းကနေ ဟောင်ကောင်ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒိအချိန်ကတည်းက ရင်ရင်ကို ဟောင်ကောင်က Ocean Park မှာ မွေးမြူထားခဲ့တာလို့ သိရပါတယ်။
Ref: BBC
ပုံစာ။ ပန်ဒါပေါက်လေး နှစ်ကောင်ကို တွေ့ရပုံ
Feature Image credit: The Ocean Park



