၁၆ နိုဝင်ဘာ၊၂၀၂၃
လားရှိုးတက္ကသိုလ်မှာကျင်းပနေတဲ့ ၂၀၂၃-ပညာသင်နှစ်၊အဝေးသင် တတိယအသုတ်စာမေးပွဲတွေကိုအားလုံး (၁၆-၁၁-၂၀၂၃)နေ့လည်ပိုင်းကစပီးရွှေ့ဆိုင်းလိုက်တယ်လို့ လားရှိုးတက္ကသိုလ် ပါမောက္ခကအသိပေးထားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

မြန်မာစာနဲ့သမိုင်း အထူးပြုသင်တန်းနှစ်များအားလုံးပါဝင်ပြီး၊နိုဝင်ဘာလ၁၃ရက်နေ့က စတင်ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ၁၄ရက်နေ့ကလဲ လွိုင်ကော် တက္ကသိုလ်မှာ ဖြေဆိုမယ့်အဝေးသင်တတိယ အသုတ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း အသိပေးထားပါတယ်။
Visited 1 times, 1 visit(s) today