အလှူအတန်းနဲ့ပရဟိတ အထက်သန်ဆုံးနိုင်ငံများ (၂၀၂၁)

“ကမ္ဘာပေါ်က နိုင်ငံတချို့က အလှူအတန်း အင်မတန် ရက်ရောကြတယ်……. ဒါပေမယ့် အဲဒီအထဲက နိုင်ငံတချို့ က မချမ်းသာကြဘူး…”

အင်းဝမဟာမြတ်မုနိဘုရားကြီး ညောင်ရေသွန်းပွဲတော် မြင်ကွင်း

အခုဖော်ပြပေးမှာကတော့ ကမ္ဘာ့အကြီးဆုံး စစ်တမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ World Giving Index (WGI) လို့ခေါ်တဲ့ ကမ္ဘာထိပ်တန်းအလှူရှင်ပရဟိတသမားတွေရှိတဲ့ နိုင်ငံတွေအကြောင်းစစ်တမ်းပဲ ဖြစ်ပါတယ်။
ဖော်ပြပါ စစ်တမ်းကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ အခြေစိုက်တဲ့ ဂါးလပ်သုတေသန(Gallup,Inc) အဖွဲ့ကြီးက နိုင်ငံပေါင်း ၁၂၅ နိုင်ငံကို သုတေသနပြု့ ကောက်ယူထားတဲ့ စစ်တမ်းဖြစ်ပါတယ်။ ၂၀၂၁ အတွက်ထုတ်ပြန်တာ ဖြစ်ပေမယ့် အချက် အလက်တွေကတော့ ရှေ ့၁ဝနှစ်တာကာလအတွင်း ကောက်ယူရရှိထားတဲ့ အချက် အလက်တွေအပေါ်အခြေခံတယ် လို့ လည်းဆိုပါတယ်။
အဆိုပါ သုတေသနအဖွဲ့ကြီးကို မစ္စတာ ဂျော့ချ် ဂါးလပ်က ၁၉၃၅ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဒီနေ ့တိုင် ကမ္ဘာကြီး ပေါ်က ပရဟိရေစီးကြောင်းကြီးထဲမှာ မပြတ်စီးမျှောလိုက်ပါနေတဲ့ အဖွဲကြီးတစ်ဖွဲ့လည်း ဖြစ်ပါတယ်။
အစီရင်ခံစာကိုတော့ အောက်ဖော်ပြထားတဲ့ ရှု ့ထောင့် သုံးခုကို ကြည့်ပြီး ဆုံးဖြတ်တာပါ။
၁။ သူစိမ်းတစ်ယောက်ကို ကူညီခြင်း။
၂။ ပရဟိတကိစ္စအတွက် ငွေ၊ ပစ္စည်းထောက်ပံ့လှူဌါန်းခြင်း။
၃။ ပရဟိတအဖွဲ့အစည်း တစ်ခုခုကို သွားရောက်ပြီး စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်း စတဲ့ အချက်တွေအပေါ်ကို အခြေခံထားတာ ဖြစ်ပါတယ်။
သူ့စစ်တမ်းအရ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းကမ္ဘာတစ်ဝှမ်းက လူပေါင်းသန်း ၂၅ဝဝကျော်ဟာ သူနဲ့မသိတဲ့ သူစိမ်း တစ်ယောက်ကို အနည်းဆုံးတစ်ကြိမ်တော့ ကူညီခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် နှစ်စဉ် ဝင်ငွေအလယ်အလတ် ဒါမှမဟုတ် အလယ်အလတ်ထက်တောင်မှ နိမ့်ကျတဲ့ မြန်မာ၊ သီရိလင်္ကာ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ထိပ်တန်း ၁ဝနိုင်ငံမှာ ပါနေတာ ဝမ်းသာစရာလို့ ဆိုပါတယ်။ ဒီလို ရလဒ်တွေဟာ နိုင်ငံအလိုက် ချမ်းသာမှု၊ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ပထဝီအနေအထား စတဲ့ အချက်အလက်တွေ အပေါ် မှီတည်ပြီး ထွက်လာတာလို့လည်း ဖော်ပြထားပါတယ်။
၁။ အမေရိကန်နိုင်ငံ
WGI အစီရင်ခံစာအရ နံပါတ် ၁ ထိပ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ရမှတ်ကတော့ ၅၈ရာခိုင်နူန်းပါ။ စစ်တမ်းအရ ၇၂ရာခိုင်နူန်းက သူစိမ်းတစ်ယောက်ကို ကူညီခဲ့တယ်။ ၆၁ရာခိုင်နူန်းက ပရဟိတအဖွဲ့တွေကို ကူညီခဲ့တယ်။ ၄၂ရာခိုင်နူန်းကတော့ စေတနာ့ ဝန်ထမ်း လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံဟာ ဒီဘက်နှစ်တွေမှာ အနည်းငယ် အရေအတွက် ကျဆင်းသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
၂။ မြန်မာနိုင်ငံ
ကမ္ဘာပေါ်မှာ ဒုတိယ ပရဟိတအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ စုစုပေါင်းစစ်တမ်းရမှတ် ၅၈ ရာခိုင်နူန်းရှိပါတယ်။ ဝင်ငွေအရ အလယ်အလတ် သို့မဟုတ် အဲ့ဒိအောက်မှာသာ ရှိနေပေမယ့်လည်း ပရဟိတလုပ်ငန်းအသီးသီးကို လှူဌါန်းခဲ့တဲ့ မြန်မာ ပြည်သူ အရေအတွက်ဟာ အမြင့်ဆုံးရာခိုင်နူန်း ၈၁ အထိရှိနေတာကိုလည်း တွေ့ကြရ ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာဝင်ဦးရေ မြင့်မားတဲ့ နိုင်ငံ ဖြစ်တဲ့အလျောက် မကြာခဏ ဆိုသလို ပေးကမ်းလှူဌါန်းခြင်းဟာ လုပ်ရိုးလုပ် စဉ် အစဉ်အလာကောင်း တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
၃။ နယူးဇီလန်နိုင်ငံ
ပရဟိတရမှတ် ၅၇ ရာခိုင်နူန်းရရှိပြီး တတိယနေရာမှာ ရပ်တည်ပါတယ်။ သူစိမ်းတစ်ယောက်ကို ကူညီခြင်း ၆၄ရာခိုင်နူန်း၊ ပရဟိတအဖွဲ့တွေကို လှူဌါန်းခြင်း ၆၅ ရာခိုင်နူန်း၊ စေတနာ့ဝန်ထမ်းလုပ်ကိုင်သူ ၄၁ ရာခိုင်နူန်း ရှိပါတယ်။
၄။ သြစတြေးလျနိုင်ငံ
ပရဟိတရမှတ် ၅၆ ရာခိုင်နူန်းနဲ့ စတုထ္ထနေရာမှာ ရပ်တည်နေပါတယ်။ သူစိမ်းတစ်ယောက်ကို ကူညီခြင်း ၆၄ ရာခိုင်နူန်း၊ ပရဟိတအဖွဲ့တွေကို လှူဌါန်းခြင်းက ၆၈ ရာခိုင်နူန်းလို့ ဖော်ပြထားပါတယ်။
၅။ အိ်ုင်ယာလန်နိုင်ငံ
ဥရောပနိုင်ငံတွေထဲမှာ ပရဟိတအမှတ်အများဆုံး ၅၆ ရာခိုင်နူန်းရှိနေပါတယ်။ သူစိမ်းတစ်ယောက်ကို ကူညီသူ ၆၂ ရာခိုင် နူန်း၊ ပရဟိတလှူဌါန်းခြင်း ၆၉ ရာခိုင်နူန်း နဲ ့စေတနာဝန်ထမ်းလုပ်ကိုင်သူ ၃၈ ရာခိုင်နူန်းရှိတယ်လို့ သိရပါတယ်။
၆။ ကနေဒါနိုင်ငံ
ပရဟိတရမှတ် ၅၅ ရာခိုင်နူန်း ရရှိပါထားပါတယ်။
၇။ ဗြိတိ်န်နိုင်ငံ
ပရဟိတရမှတ် စုစုပေါင်းက ၅၄ ရာခိုင်နူန်းဖြစ်ပါတယ်။
၈။ နယ်သာလန်နိုင်ငံ
ပရဟိတရမှတ် ၅၃ ရာခိုင်နူန်း ဖြစ်ပါတယ်။
၉။သီရိလင်္ကာနိုင်ငံ
ပရဟိတလှူဌါန်ူး မှုရမှတ် ၅၁ ရာခိုင်နူန်း ရှိပါတယ်။
၁၀ အင်ဒိုနီးရှားနိုင်ငံ
ပရဟိတရမှတ် ၅၀ ရာခိုင်နူန်းနဲ ့ဒဿမအဆင့်မှာ ရှိနေပါတယ်။
အထက်မှာ ဖော်ပြပေးခဲ့တာကတော့ WGI ကထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကားထားတဲဲ့ Most Charitable Countries 2021 စစ်တမ်းမှာ ဖော်ပြထားတဲ့ အဆင့်အလိုက် ၁၂၆ နိုင်ငံအနက် ထိပ်ဆုံး ၁ဝနိုင်င အတွက် ဖော်ပြထားတဲ့ အချက်အလက်တွေထဲကနေ ရွေးချယ်ကောက်နုတ် တင်ပြထားခြင်းသာ ဖြစ် ကြောင်း ပါ။
By Nicolas K

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *