အလွတ်တမ်း သတင်းထောက် အသတ်ခံရမှုကို သက်ဆိုင်ရာက သေချာရေရာအောင် စုံစမ်းစစ်ဆေးဖို့ အိန္ဒိယမီဒီယာစောင့်ကြည့်ရေးအဖွဲက တောင်းဆို

နယူးဒေလီ၊ ဇန်နဝါရီ ၅

 ကွန်ကရစ်နဲ့ဖုံးအုပ်ထားတဲ့  မိလ္လာကန်တစ်ခုထဲမှာ သတင်းထောက်တစ်ယောက်ရဲ့ စုတ်ပြတ်နေတဲ့ အလောင်းကို တွေ့ရပြီးတဲ့နောက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖိုအတွက် အိန္ဒိယမီဒီယာစောင့်ကြည့်ရေးအဖွဲ့က  ရဲတပ်ဖွဲကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

 အသတ်ခံရတဲ့ အလွတ်တန်း သတင်းထောက် မူကက်ရ္ ချန်ဒရာကာ ဟာ  ဆယ်စုနှစ်များစွာကြာ အိန္ဒိယအလယ်ပိုင်း  ပြည်နယ်က  အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထောက်လှမ်းခဲ့သူ အဖြစ် ကျော်ကြားသူလည်း ဖြစ်ပါတယ်။

 ချန်ဒရာမိသားစုက ရဲကို လူပျောက် သတင်းပေးပို့ပြီးနောက် ရဲတပ်ဖွဲ့က ချန်ဒရာ့ မိုဘိုင်းဖုန်းမှတ်တမ်းတွေကို ခြေရာခံပြီးနောက် ဇန်နဝါရီ ၃ ရက်က အခုလို တွေရှိခဲတာလို သိရပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ကြီးမှူးတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ အိန္ဒိယနိုင်ငံဟာ ၂၀၂၄ခုနှစ်မှာ အဆင့် ၁၅၉ ရှိတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref: AFP/ec

Visited 43 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *