- အထက်လွှတ်တော်မှာ မဲခွဲခဲ့ကြတော့ ပီတကို ထောက်ခံတဲ့မဲ ၁၃မဲသာ ရခဲ့တာမို့ သူ့ရဲ့ ဝန်ကြီးချုပ်အလားအလာက ထင်ထင်ရှားရှားကို မှေးမှိန်ခဲ့ရပြီ လို့ဆိုရတော့မှာပါ

Photo Credit: AFP/Lillian SUWANRUMPHA)
ထိုင်းဝန်ကြီးချုပ်အသစ် အဖြစ် အရွေးချယ်ခံရဖို့ အမည်စာရင်းတင်သွင်းပြီး ဇူလိုင် ၁၃ရက်နေ့ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့အထက်လွတ်တော်မှာရှိနေတဲ့ မဲအရေအတွက် ၂၅၀ အနက်က ထောက်ခံမဲ၁၃မဲသာ ရခဲ့တာမို့ ပီတ လင်ဂျာရွန်ရက်ရဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်ရေး အိပ်မက်ကတော့ အတော်လေးကို မှေးမှိန်သွားပြီလို့ ဆိုရတော့မှာပါ။
ပီတ ဦးဆောင်တဲ့ Move Forward ပါတီက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ အံ့အားသင့် လောက်အောင် အနိုင် ရရှိခဲ့ပြီးတဲ့နောက်မှာတော့ မဟာမိတ်ခုနစ်ဦးနဲ့ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒိအတွက်နဲ့ပဲ ပီတတို့ အဖွဲ့တွေ က အမတ်နေရာ ၅၀၀ ရှိနေတဲ့ ပါလီမန်အောက်လွှတ်တော်မှာ ၃၀၂ နေရာအထိ သိမ်းပိုက်နိုင်ခဲ့ပါတာမို့ အောက်လွတ်တော် မှာ အများစု အနေနဲ့ ရပ်တည်နေပါတယ်။။
ဒါတင်နဲ့တော့ ပွဲကပြီးမသွားပါဘူး။ ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းပြီး အထက်လွတ်တော်ဆီးနိတ်မှာ မဲခွဲကြရပြန်ပါ တယ်။ ထိုင်းရဲ့လက်ရှိ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်တဲ့ စနစ်အရ အောက်လွတ်တော် နေရာ ၅၀၀ နဲ့ အထက်လွတ် တော် နေရာ ၂၅၀ အတွက် ယှဥ်ပြိုင်ရတာပါ။ ဒီနေရာမှာ ပြောစရာတစ်ခုက အောက်လွတ်တော်က နေရာတွေအတွက် မဲပေး ယှဉ်ပြိုင်ပြီး ရွေးချယ်တာမျိုး ဖြစ်ပေမယ့် အထက်လွတ်တော်က နေရာ၂၅၀ကတော့ အရင် ဝန်ကြီးချုပ် ပရာရွတ် အစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်ခံထားရတဲ့သူတွေက အများစုပါ။
ဒီလိုနဲ့ ဇူလိုင် ၁၃ရက်နေ့က အထက်လွှတ်တော်မှာ မဲခွဲခဲ့ကြတော့ ပီတကို ထောက်ခံတဲ့မဲ ၁၃မဲသာ ရခဲ့တာမို့ သူ့ရဲ့ ဝန်ကြီး ချုပ်အလားအလာက ထင်ထင်ရှားရှားကို မှေးမှိန်ခဲ့ရပြီ လို့ဆိုရတော့မှာပါ။ တကယ်တမ်းဆို ပီတအတွက် အထက်လွတ် တော် ထောက်ခံမဲအရေအတွက်က လက်ရှိ ၂၅၀ ရဲ့ ထက်ဝက်မက ရနိုင်မှ ရှေ့ အလားအလာ ကောင်းနိုင်မှာပါ။
ဇူလိုင် ၉ရက်နေ့တုန်းကတော့ ပီတ တစ်ယောက်“ကျနော်တို့ ရှုံးနိမ်မှုတွေဆီကနေ ဝေးကွာလာပါပြီ” ဆိုပြီး ဘန်ကောက်မှာ လုပ်ခဲ့တဲ့ သူ့ကိုထောက်ခံသူတွေနဲ့ တွေ့ပြီး ကျေးဇူးတင်စကားပြောတဲ့ပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။
ဒီကာလတွေမှာပဲ ပီတ တစ်ယောက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်ကြုံခဲ့ရပြီး ပါလီမန်အမတ် တစ်ယောက် ဖြစ်ဖို့ စည်းကမ်းတွေ ညီညွတ်ရဲ့လားဆိုပြီး နောက်ကြောင်းပြန် စိစစ်တာတွေ လုပ်ခံခဲ့ရပြန်ပါတယ်။
အကြောင်းက မေလ ၁၄ရက် ရွေးကောက်ပွဲ ကာလတွေမှာ ပီတအနေနဲ့ မီဒီယာကုမ္ပဏီ ITV ရဲ့ ရှယ်ယာ ၄၂,၀၀၀ နဲ့ ဆက် စပ်နေတယ်ဆိုတဲ့ ကိစ္စတစ်ခု ပေါ်လာခဲ့ပါတယ်။
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ သတင်းစာ ဒါမှမဟုတ် မီဒီယာလုပ်ငန်းတစ်ခုခုရဲ့ အစုရှယ်ယာရှင်တစ်ယောက် ဖြစ်နေ ခဲ့ရင် အောက်လွှတ်တော်အမတ်နေရာအတွက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်တစ်ချက် ပြဌါန်းထားပါတယ်။
ဒီလို အခြေအနေတွေကြားမှာပဲ ပီတ တစ်ယောက် ဝန်ချုပ်ကြီးချုပ်အမည်စာရင်းတင်သွင်းပြီး အထက်လွတ် တော်ရဲ့ မဲခွဲ အဆုံးအဖြတ်ခံယူတဲ့ နေ့အထိ ဆက်လှမ်းလာခဲ့ပါတယ်။
ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ဘဲ အထက်လွတ်တော်မှာ အလဲအကွဲ ရှုံးနိမ်ခဲ့ရပါတယ်။
လက်ရှိ အခြေအနေတွေ ပြန်သုံးသပ်ရင် ပီတတို့လို့ မျိုးဆက်သစ် ပညာတတ်လူငယ်တွေကို ထိုင်းပြည်သူ အများစုက မျှော်လင့် နေတယ်ဆိုပေမယ့် နန်တော်၊စစ်တပ်နဲ့ ဗျူရိုကရက်လက်ဟောင်းကြီးတွေက ဒီလို အခြေနေမျိုးကို မလိုလားတာ အသေအချာပါ။ သူတို့တွေ ထိတ်လန့်တာက အပြောင်းအလဲဆိုတဲ့ အခြင်းအရာပါ။ လက်ရှိအနေအထားအတိုင်းပဲ ဆက်စီး မျှောသွားချင်နေတယ်ဆိုတာတော့ ငြင်းမရပါဘူး။ နောက်ဆုံးတော့ ဒါက ဘာကို ဖော်ညွှန်းနေသလည်း ဆိုရင်တော့ လက်ရှိအကျိုးစီးပွားကို ထိခိုက်တာမျိုး၊စွန့်စားရတာ မျိုးစတာတွေ လုံးဝကို စိတ်မဝင်စားသေးဘူးဆိုတာကို လက်တွေ့ပြ လိုက်တာလို့ပဲ ဆိုရမှာပါ။
ဒီတော့ ထိုင်းနိုင်ငံရေး ဘာဆက်ဖြစ်လာမှာလည်း ဆိုတာကတော့ ရောင်စုံပိတ်ကားပေါ်မှာပဲ ဆက်ကြည့်ကြရုံပါ။ ဒီလိုပဲ ပီတ လင်ဂျာရွန်ရက်ရော ပြန်လာဦးမှာလား ဆိုတဲ့မေးခွန်း ကလည်း ခုအချိန်မှာ ခပ်ဝါးဝါး နဲ့ မျက်လှည့်ဆန်နေတုန်းပဲလို့ ဆိုချင်ပါတော့တယ်။
Ref: Bangkok post, CNA



