■မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့အကြောင်းအရင်း မသိရသေးဘဲ ပျက်စီးဆုံးရှုံးမှု တန်ဖိုး မီးသတ်ဦးစီးဌာနက တွက်ချက်နေ ဆဲဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ဌာနာရပ်ကွက်၊နံ့သာလမ်းမှာ ဇူလိုင်လ၂၆ရက် ညနေ ၄နာရီ၄၇မိနစ်က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။


မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့အကြောင်းအရင်း မသိရသေးဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုး မီးသတ်ဦးစီးဌာနက တွက်ချက်နေဆဲလို့ သိရပါတယ်။

မီးလောင်မှုကို Lv1အဆင့်သတ်မှတ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မီးငြှိမ်းသတ်ယာဉ်များ၊ရေသယ်ယာဉ်များတို့ဖြင့် မီး ငြှိမ်းသတ်ပေးခဲ့ရာ ညနေ၅နာရီ၂၅မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။