အလုပ်အကိုင်ရှားပါးမှုအကျပ်အတည်းကြားက အိန္ဒိယလူငယ်တွေ အနာဂတ်ပျောက်နေ

နယူးဒေလီ။ ဖေဖေါ်ဝါရီ ၃

 အလုပ်ရှားပါတဲ့ ဒဏ်ပိနေတဲ့ အိန္ဒိယလူငယ်တွေအတွက်လာမယ့် ငါးနှစ်အတွင်း အလုပ်အကိုင်သစ်ပေါင်း ခြောက်သန်းဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း အစိုးရက အခုသီတင်းပတ်ထဲမှာပဲ ထုတ်ပြန်လိုက်တဲ့ ဘတ်ဂျက်မှတ်တမ်းတွေအရ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရဲ့အလုပ်အကိုင်ရှားပါးမှုက လွန်ခဲ့တဲ့နှစ်တွေကစလို့ အဆက်မပြတ် တိုးလာနေပြီး အခြားဖွံဖြိုးစနိုင်ငံတွေရဲ့ အလုပ်လက်မဲ့နူန်းကိုတော်ကျော်တက်သွားပြီဖြစ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ခိုင်မာတဲ့ အစိုးရအလုပ်ရရှိရေးကြိုးပမ်းရမှုက လူငယ်တွေအတွက် အခက်ခဲဆုံးလို့လည်းဆိုပါတယ်။ အရည်အတွက်များပြားလှတဲ့ အလုပ်အကိုင်မဲ့တွေကြားထဲမှာ ပညာတတ်လူငယ်တွေလည်း အများအပြားပါဝင်နေကြောင်းသိရပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ အဆမတန်တိုးပွားလာတဲ့ လူဦးရေကြောင့်ဖြစ်တယ်လို့ လည်း မှတ်ချက်ပြုမှုတွေလည်း ရှိနေပါတယ်။

၂ဝဝဝခုနှစ်ကတည်းက တရိပ်ရိပ်တက်လာတဲ့ အလုပ်လက်မဲ့ပြဿနာကြောင့် ပေါ်ထွက်လာတဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဟောပြောချက်တွေကလည်း သတင်းမီဒီယာတွေပေါ်မှာ မပြတ်တွေ့နေရတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၅နှစ်ကတည်းက လုပ်နေတဲ့ သုတေသနပြုတွေ ့ရှိချက်တွေအရ အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူတွေဟာ အသက် ၁၈နှစ်နဲ့ ၃၅နှစ်ကြားအရွယ်တွေလို့လည်း သိရပါတယ်။ ဒါ့အပြင် အလုပ်လက်မဲ့နေခြင်းက လူငယ်တွေကို ရိုင်းစိုင်းပြီး အထီးကျန်တဲ့ခံစာမှုတွေ ဖြစ်စေတယ်လည်းဆိုပါတယ်။ 

ဖော်ပြပါ အကျပ်အတည်းဟာ  အိန္ဒိယသာမက ကမ္ဘာကြီးအတွက်ပါ အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။

Ref: BBC

Visited 54 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *